Saturday, April 26, 2014

စပျစ်သီးထောပတ် ပေါင်မုန့်




ထောပတ်အရသာလည်းပါပြီး မအီတဲ့ နောက်ပေါင်မုန့်တစ်မျိုးကတော့ စပျစ်သီးထောပတ် ပေါင်မုန့်ပါ။ စပျစ်သီးခြောက်များနှင့်ပြုလုပ်ထားပြီး အချိုနည်းတာကြောင့်  စားသုံးသူများနှစ်သက်ကြမှာပါ။ ထောပတ်နံ့မွှေးမွှေးဆိမ့်ဆိမ့်ကလည်း ပိုပြီးစားချင်စဖွယ်ဖြစ်အောင် ပံ့ပိုးကူညီပေးတာကြောင့် အနံ့အရသာနဲ့ ပြည့်စုံတဲ့ ပေါင်မုန့်လေးဆိုရင်လည်း မမှားပါဘူး။ လုပ်နည်းလေးကြည့်ကြရအောင်။

ပါဝင်ပစ္စည်းများ
အစု (၁)
·         ပေါင်မုန့်ဂျုံ ၁၅၀ ဂရမ်
·         နို့မှုန့် ၂.၅ ဂရမ်

အစု (၂)
·         ကြက်ဥ ၃၀ ဂရမ် (ခေါက်ပြီးသား)
·         သကြား ၃၅ ဂရမ်
·         ဆား ပါရုံမျှ

အစု (၃)
·         ရေအေး ၇၅ ဂရမ်
·         Yeast  ၃ ဂရမ်

ထောပတ် ၃၀ ဂရမ် (အခန်းအပူချိန်)
စပျစ်သီးခြောက် ၇၅ ဂရမ်
သကြားအနည်းငယ်



ပြုလုပ်နည်း
ပထမဆုံး အစု (၂) နဲ့ အစု (၃) ကိုသမအောင် ရောထည့်ပြီး အစု (၁) နဲ့ရောမွှေကာ ဂျုံဒိုးရအောင်နယ်ပါ။
နောက်စပျစ်သီးခြောက်များ ကိုပါထည့်ပြီး ဂျုံသား ချောမွတ်အောင် နယ်ပေးပါ (၂၀ ကနေ ၂၅ မိနစ်လောက်နယ်ရပါမယ်)
နယ်ပြီးလျှင် ၅ပိုင်း အညီအမျှဖြတ်ပြီး တစ်ပိုင်းစီကို ခပ်လုံးလုံးရှည်ရှည်ပုံ ရအောင်ပုံသွင်းပြီးပွလာအောင် မိနစ် ၄၀ထားပေးပါ။
မုန့်သားပွလာလျှင် ပုံပါအတိုင်း အလယ်မှ ကတ်ကျေးဖြင့်အသာညှပ်ကာ ထောပတ်၊ သကြားဖြူးပေးကာ  ၁၈၀ ဒီဂရီအာဗင်မှာ ၁၅ မိနစ်ဖုတ်ပေးပါ။
လုံးဝအေးသွားမှသုံးဆောင်ပါ။

No comments: