Wednesday, October 22, 2014

Tiramisu Charlotte




ပြီးခဲ့ recipe မှာပါတဲ့ Sponge Finger ကိုအသုံးပြုပြီး Tiramisu Charlotte လေးလုပ်ကြည့်ကြရအောင်။ Charlotte ဆိုတာကတော့ အပြင်အခွံပါတဲ့ အချိုပွဲလို့ အဓိပ္ပါယ်ရပါတယ်။  ဒီမုန့်အတွက်တော့ Tiramisu ကိုသုံးပြီး လုပ်ပြထားပါတယ်။ တကယ်တော့ Tiramisu ဆိုတဲ့ Itilian အချိုပွဲ့လေးကတော့ ကျွန်မတို့အများစုနဲ့ မစိမ်းဘူးလို့ထင်ပါတယ်။ အထူးသဖြင့်မုန့်နှစ်သက်သူတွေ သိကြမှာပါနော်။ ကော်ဖီ၊ Sponge layer နဲ့ ခရင်မ်ချိစ်များကို ပေါင်းစပ်ထားတဲ့မုန့် တစ်မျိုးပါပဲ။

ပါဝင်ပစ္စည်းများ (၇ လက်မ မုန့်တစ်ခုစာ)

  • ခရင်မ်ချိစ် ၁၅၀ ဂရမ်
  • Whipping cream ၁၅၀ ဂရမ် ( ခရင်မ်အဆင့်ရောက်အောင်မွှေထားပါ)
  • Gelatin powder – စားပွဲဇွန်း ၁ဇွန်း
  • သကြား ၅၀ ဂရမ်+ ရေ စားပွဲဇွန်း ၃ ဇွန်း
  • Sponge finger - ၂ ဒါဇင်ခန့်
  • Expresso Coffee (သို့) ကော်ဖီအပြင်း ဖျော်ပြီးသား ၄၀၀ မီလီလီတာ
  • Coffee liquor - စားပွဲဇွန်း ၃ ဇွန်း(နှစ်သက်ရာ liquor တစ်မျိုးမျိုးကို အစားထိုးနိုင်ပါသည်)
  • ကိုကိုးမှုန့် အနည်းငယ်


ပြုလုပ်နည်း

  • Gelatin နဲ့ရေကိုရောမွှေပေးပါ။ နောက်သကြားပါထပ်ထည့်ပြီး ပျော်အောင်အပူပေးထားပြီး လုံးဝအေးသည်အထိ အအေးခံထားပါ
  • ထို့နောက် ခရင်မ်ချိစ်ကိုလည်း ချောမွတ်လာအောင် မွှေတံလေးနဲ့ မွှေပြီးရင် သကြား+ Gelatin ရည်လောင်းထည့်ပြီး သမအောင်မွှေပါ။
  •  Whip လုပ်ထားတဲ့ ခရင်မ်ကိုလည်း ထည့်မွှေပေးပါ။ ဒါဆိုရင် cream cheese filling ရပါပြီ




  • Expresso Coffee နဲ့ Coffee liquour ကိုလည်းရောမွှေထားလိုက်ပါ။ ဒါဆိုရင်တော့ Tiramisu ပြင်ဖို့အသင့်ဖြစ်နေပါပြီ။
  • မုန့်ပြင်ရန်အတွက် ၇ လက်မအချင်းရှိ အောက်ခြေဖြုတ်လို့ရသော မုန့်ဗန်းကိုအသုံးပြုပါတယ်။ အရင်ဆုံး ပလစ်စတစ်အပါးလေးခင်းလိုက်ပါ။
  • နောက် sponge finger များနဲ့ ဗန်းပတ်လည်ကိုဖြည့်လိုက်ပါ။
  • Sponge fingerများ ကို coffee အရောထဲထည့်ပြီး coffee တွေစုပ်လာရင် ချက်ခြင်းဆယ်ကာ မျက်နှာပြင်အပြည့်ခင်းပေးပါ။
  • Sponge finger အလွှာပေါ်မှာ Cream Cheese filing ထပ်ခင်းပါ။ ဒီနည်းအတိုင်း Sponge finger အလွှာတလှည့် cream cheese တလှည့်ကုန်အောင်လုပ်သွားပါ။



  • နောက်ဆုံးအလွှာမှာ ကိုကိုးမှုန့်ဖြူးပေးပါ။
  • အားလုံးကုန်ပြီဆိုရင် ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၄ နာရီခန့်ထားပြီးမှထုတ်စားပါ။


1 comment:

Aunty Tint said...

Sponge finger ပြုလုပ်နည်းအဆင့်ဆင့်နဲ့ Tiramisu Charlotte လုပ်နည်းလေးတွေအတွက် ကျေးဇူးပါ Evy ရေ...နည်းနည်းတော့ လက်ဝင်မယ့်သဘောရှိတယ်နော် :P ♥♥♥