Thursday, October 16, 2014

Sponge Fingers



Sponge Cake ကို အခြေခံထားတဲ့ Sponge Fingers ဆိုတဲ့ မုန့်လုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ ဒီမုန့်လေးကတော့ သူ့တစ်ခုတည်းစားရင်လည်း အဆင်ပြေသလို Tiramisu လိုမုန့်လုပ်ရင်လည်း အသုံးပြုလို့ရပါတယ်။ ကိတ်ခြောက်နဲ့ ခပ်ဆင်ဆင်တူပြီး အထားလည်းခံတဲ့ အပြင်လုပ်နည်းကလည်း လွယ်ကူပါတယ်။


ပါဝင်ပစ္စည်းများ
·         ကိတ်ဂျုံ ၆၅ ဂရမ်
·         ကြက်ဥအကာ ၃ လုံး + သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
·         ကြက်ဥအနှစ် ၃ လုံး + သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
·         Cream of tar tar - လက်ဖက်ရည်ဇွန်း ၈ ပုံတစ်ပုံ
·         Vanilla အနံ့ လက်ဖက်ရည်ဇွန်း တစ်ဝက်
·         Icing sugar အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်
1.    ကြက်ဥအနှစ် နဲ့ သကြားစားပွဲတင် ၂ ဇွန်းကို စက်ဖြင့်ခေါက်ပေးပါ။ Vanilla အနံ့ကိုပါ ရောထည့်ပေးပါ။ မရိုးနိစ်အနေလောက် ရောက်ရင် ရပ်လိုက်ပြီး ကိတ်ဂျုံကို ခေါက်ထားသော ကြက်ဥအနှစ်ပေါ်မှာ ဇကာချပေးပါ။


2.    နောက် ကြက်ဥအကာ နဲ့ သကြားစားပွဲတင်၃ ဇွန်းကို အမြုပ်ထအောင် ခေါက်ပါ။ cream of tar tar ရောထည့်ပြီး ဖြူပြီး ပွလာသည်အထိ စက်ဖြင့်ခေါက်ပါ။ Medium Peak အထိရောက်ရပါမယ်။
3.    ရလာတဲ့ ကြက်ဥအကာ ၃ ပုံတစ်ပုံကို ခေါက်ထားသော ကြက်ဥနှစ်မှာ ရောမွှေပေးပါ။
4.    နောက်ထပ်သုံးပုံတစ်ပုံကိုလည်း ရောထည့်ကာ သမအောင်မွှေပြီး နောက်ဆုံးကျန်သော ကြက်ဥအကာကို ထည့်ကာ လုံးဝ သမအောင်မွှေပါ။
5.    ထို့နောက် မုန့်နှစ်များကို အိတ်တွင်ထည့်ကာ ၃ လက်မအရှည်ခန့်အချောင်းငယ်များရအောင် ဗန်းပေါ်မှာ ညှစ်ထည့်ထည့်ပါ။


6.    ပေါင်ဒါသကြားဖြူးကာ ၁၈၀ ဒီဂရီ အပူပေးထားသော အာဗန်တွင် ၁၅ မိနစ်ခန့်ဖုတ်ရင် ရပါပြီ။


No comments: