ပုံမှန်အာလူးကင်များနဲ့
မတူပဲ ကြွပ်ကြွပ်မွမွနဲ့ အရသာရှိသော အာလူးကင်ဟာလည်း မိတ်ဆုံစားပွဲများအတွက် အထူးပင်သင့်တော်ပါလိမ့်မယ်။
အထူးသဖြင့် ကြက်ကင်နဲ့ တွဲစားရင်လိုက်ဖက်လှပါတယ်။ ဒီအာလူးကင်မှာ အဓိကျတဲ့ အချက်ဟာ ပြုပ်ပြီးသားအာလူးများကို
မွသွားအောင် အိုးထဲမှာလှုပ်ခြေပေးတဲ့ အဆင့်ပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
·
အာလူး
(နှစ်သက်သလောက်)
·
ဆား
အနည်းငယ်
·
ဆီ
အနည်းငယ်
ပြုလုပ်နည်း
·
ဦးစွာအာလူးများအားသန့်စင်က
အစိတ်များစိတ်လိုက်ပါ
·
အိုးတစ်လုံးထဲတွင်
အာလူးများမြုပ်သည်အထိ ရေထည့်ကာ ဆူအောင်တည်ပါ။ ဆားပါထည့်ပေးပါ။ ရေဆူပြီး ၁၀ မိနစ်ခန့်ကြာလျှင်
ရေများကိုသွန်လိုက်ပါ။
·
ထို့နောက်အိုးအဖုံးပိတ်ကာ
အာလူးများကြေသွားအောင် လှုပ်ပေးပါ။
·
နောက်
မုန့်ဗန်းပေါ်တွင်ပြောင်းတင်ကာ ငရုပ်ကောင်း၊ ဆီဆမ်းပေးပါ။
·
၁၆၀
ဒီဂရီအပူပေးထားသော အာဗန်တွင် မိနစ် ၂၀ ခန့်ဖုတ်လိုက်လျှင် ကြွပ်ပြီး အရသာရှိသော အာလူးကင်
အဆင်သင့်ဖြစ်ပါပြီ။
2 comments:
Thanks Ma :) I love roasted potatos.
အာလူးဆိုရင် ကင်ကင် ဖုတ်ဖုတ် ပြုတ်ပြုတ် ကြိုက်တယ် Evy ရေ။ ထူးခြားအာလူးကင်လေးအကြောင်း လေ့လာနည်းယူသွားတယ်။
Post a Comment