Friday, December 26, 2014

ကြက်သား မုန်လာဥခြောက်အချိုချက်






ပြီးခဲ့တဲ့ မုန်လာဥခြောက်ကို သုံးပြီး ဟင်းချက်ကြည့်ကြရအောင်။ ကြက်သား၊ ၀က်သား နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။ ၀က်သားကိုသုံးရင်တော့ ပိုပြီးစားကောင်းပါတယ်။ ဒီဟင်းချက်နည်းအတွက်တော့ ကြက်သားကိုသုံးပြီး ချက်ပြထားပါတယ်။

ပါဝင်ပစ္စည်းများ
ကြက်တစ်ခြမ်း - ခပ်သေးသေးတုံထားပါ
မုန်လာဥခြောက် လက်တစ်ဆုပ်စာ
မှိုခြောက် - ၆ခု
ကြက်သွန်နီဥကြီး ၂ ဥ
ကြက်သွန်ဖြူ ၆ မွှာ
ချင်း လက်တစ်ဆစ်ာ
ခရုဆီ စားပွဲဇွန်း ၁ ဇွန်း
ငရုပ်ကောင်းအနည်းငယ်


ချက်နည်း
ကြက်သားကို ခရုဆီ၊ ဆားအနည်းငယ်၊  ကြက်သားမှုန့် လက်ဖက်ရည် ၁ ဇွန်းနဲ့ နာရီဝက်ခန့်နှပ်ထားပါ
မှိုခြောက်၊ မုန်လာဥခြောက်များကို နာရီဝက်ခန့်ရေစိမ်ပါ။
ချင်းကြက်သွန်ဖြူကိုလည်း ရောထောင်းထားပါ
ကြက်သွန်နီများကို နုတ်နုတ်စဉ်းပါ။
ဆီစားပွဲဇွန်း ၄ ဇွန်းခန့် နှင့် နှမ်းဆီမွှေး လက်ဖက်ရည် ၂ ဇွန်းကို အပူပေးကာ ကြက်သွန်ဖြူ၊နီ၊ ချင်းများကို ဆီသတ်ပါ။
ကြက်သွန်နွမ်းလာလျှင် ကြက်သားများထည့်ကာ လုံးပေးပါ။
ထို့နောက် ပဲငံပျာရည် အကြည် စားပွဲဇွန်း ၁ ဇွန်းခွဲ၊ ကြာညို့ အနည်းငယ်ထည့်ကာ ကြက်သာအပေါ်ယံများတင်းသည်အထိ ကြော်ပေးပါ။
ရေစိမ်ထားသော မုန်လာဥခြောက်၊ မှိုများကိုရောထည့်ကာ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ကာ နူးအောင်တည်ပါ။
အနှစ်များများနှစ်သက်ပါက ကြက်သားနူးပြီး ဟင်းအိုးချကာနီးမှာ ကော်ရည်အနည်းငယ်ထည့်နိုင်ပါတယ်။
ကြက်သားလည်းနူး ကော်ရည်လည်းပျစ်လာပြီဆိုရင် ငရုပ်ကောင်းဖြူးပြီး မီးပေါ်မှချကာ သုံးဆောင်နိုင်ပါပြီ

1 comment:

Aunty Tint said...

ကြက်သားမုန်လာဥခြောက် အချိုချက် စမ်းချက်ကြည့်မယ် စားကောင်းမည့်ပုံလေး ...