ကြက်သား၊
ဝက်သားစတဲ့ ဟင်းအချိုချက်တွေမှာ ထည့်ချက်ရင် စားလို့ကောင်းလှတဲ့ မုန့်လာဥခြောက်လုပ်နည်းလေးပါ။
ဟင်းအရသာများအထဲကို စိမ့်ဝင်နေပြီး ခပ်ထုတ်ထုတ်လေးနဲ့ အင်မတန်စားကောင်းပါတယ်။ တစ်ချို့ကလည်း
ဟင်းမချက်ပဲ အသားနဲ့မစိုမခြောက်လေး ကြော်စားတာကို တွေ့ဖူးပါတယ်။
မုန်လာဥခြောက်လုပ်နည်းများ
ဘာဆန်းလဲလို့ပြောစရာရှိပါတယ်။ ဒါပေမယ့် မသိသေးတဲ့သူတွေအတွက် အသုံးဝင်နိုင်တာကြောင့်
ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ပုံမှန်အားဖြင့်တော့ မုန်လာဥများကို နေလှန်းပြီး မှ ခြောက်သွေ့စေတာပါ။
ဒါပေမယ့် ကျွန်မတို့လို နေရာင်ရှိချိန်မှာ အိမ်မှာမနေရသူတွေ၊ နေလှန်းဖို့နေရာ အဆင်မပြေသူများအတွက်
အာဗန်ကိုသုံးပြီး မုန်လာဥခြောက်လုပ်နည်းကို လုပ်ပြထားပါတယ်။
ပါဝင်ပစ္စည်းများ
·
မုန်လာဥ
·
ဆား
ပြုလုပ်နည်း
မုန်လာဥများကို
ခပ်သေးသေးလှီးကာ ဆားနဲ့ နယ်ကာ ၁၅ မိနစ်ခန့်ထားပြီး
ရေဆေးပါ။
ရလာသော မုန်လာဥများကို
ဗန်းသို့ ဇကာထဲတွင်ထည့်ကာ လေသအောင်ထားပြီး ပုံမှန်အခန်းမှာ ၂ ရက်ခန့်ထားပါ။
ထို့နောက်
၁၃၀ ဒီဂရီ အပူပေးထားသော အာဗန်မှာ ၁ နာရီခန့်ကင်ပေးပါ။ ထို့နောက် အပူချိန် ၁၀၀ ဒီဂရီကို လျော့ချကာ ၂ နာရီခန့်ဆက်ကင်ပါ။
၄၅ မိနစ်တစ်ခါ အထက်အောင်လှန်ပေးပါ။
မုန်လာဥခြောက်များ
အဆင်သင့်ဖြစ်ပါပြီ။
1 comment:
နည်းသစ်လေးတစ်ခုပဲ သက်သတ်လွတ်စားတဲ့အခါလဲ အသုံးဝင်တယ် ကျေးဇူးပါ Evy ....
Post a Comment