Saturday, December 27, 2014

Chocolate Cheese Cake





ပုံမှန်ချိစ်ကိတ်ကို ပြန်လည်ဆန်းသစ်ထားတဲ့ ချောကလက်အရသာပါပေါင်းစပ်ထားတဲ့ ချောကလက်ချိစ်ကိတ်ပါ။ ရိုးရိုးချိစ်ကိတ်ကို ကြိုက်ရင်တော့ ဒီချောကလက်ချိစ်ကိတ်ကို ကြိုက်ကြမယ်ဆိုတာ အာမခံရဲပါတယ်နော်။


ပါဝင် ပစ္စည်းများ (၆ လက်မခွဲ အချင်းရှိသောဗန်းတစ်ခုအတွက ဗန်းက အောက်ခြေဖြုတ်လို့ရသော ဗန်းဖြစ်ရပါမယ်)

Base အတွက်
  • Digestive Biscuit 130g ကိုချေပြီး အပူပေးပြီး အရည်ဖြစ်အောင်လုပ်ထားသော ထောပတ် 50g နဲ့ ရောမွှေပါ။ ပြီးရင် removable base ပါတဲ့ ကိတ်မုန့်ဖုတ်တဲ့ ဗန်းထဲမှာဖိသိပ်ပြီးထည့်ပေးပါ။ ရေခဲသေတ္တာထဲမှာ နာရီဝက်လောက် အအေးခံပေးထားပါ။

ချိစ်သားအတွက်
  1. cream cheese -250g
  2. sour cream - 90g (သို့) ဒိန်ချဉ်ဗူးလေးတွေကို အစားထိုးနိုင်ပါတယ်
  3. ကြက်ဥ - ၃ လုံး
  4. သကြား - ၉၀ ဂရမ်
  5. သံပုရာသီးတစ်လုံး - အရည်ညှစ်ထားပါ
  6. non dairy whipping cream - 50g
  7. Dark Chocolate – 50g
  8. Butter – 25g
  9. Blueberry - အနည်းငယ်
ချောကလက်နဲ့ ထောပတ်ကိုရောကာ အပူပေးပြီး ပျော်အောင်လုပ်ပါ။ Double boil method ကိုသုံးပါတယ်။ ပြီးရင် အအေးခံထားပေးပါ။

ပထမဆုံး သကြားနဲ့ cream cheese ကိုစက်နဲ့ မွှေပါ။
ပြီးရင် ကြက်ဥကို တစ်လုံးချင်းစီ ထည့်ပြီး သမအောင်မွှေပေးပါ။
sour cream နဲ့ lemon juice ကိုလည်းထည့်မွှေပါ။ နောက်ဆုံးမှာ whip cream ကိုထည့်ပြီးမွှေပါ။
ရလာတဲ့ မုန့်နှစ် သုံးပုံတစ်ပုံကို ချောကလက်အရည်ထဲကိုရောထည့်ပါ။

Cream အဆင်သင့်ဖြစ်ပြီဆိုရင် ရေခဲသေတ္တထဲက ပြင်ထားတဲ့ဗန်းကိုထုတ်။ base ပေါ်မှာ blueberry သီးကိုထည့်။ ပြီး မှ မုန့်နှစ်အဖြူကိုထည့်ပါ။ နောက် ချောကလက်မုန့်နှစ်ကိုပါရောထည့်ပြီး ဓါးနဲ့မွှေပေးပါ။ Marble effect ရအောင်လုပ်တာပါ။


ရေထည့်ထားတဲ့ဗန်းတစ်ခုမှာ ခုနက မုန့်ဗန်းကို တင်။ မတင်ခင်မှာ aluminum foil နဲ့အောက်ခြေကိုလုံ အောင်ပတ်ပေးပါ ။ ပြီးရင် ၁၅၀ ဒီဂရီစီ oven မှာ ၅၀မိနစ်ကြာအောင်ဖုတ်ရင်ရပါပြီ။ မုန့်ဖုတ်ပြီးသွားရင် မုန့်ကို oven ထဲမှာပဲ အအေးခံပါ။ လုံးဝအေးသွားမှ ရေခဲသေတ္တာထဲကိုပြောင်းထည့်ပေးပါ။ အနဲဆုံး ၃နာရီလောက် အအေးခံပြီးမှစားပါ။



အလှဆင်ချင်တယ်ဆိုရင် ချောကလက်အဖြူလေးကို ဖြူးပြီးblueberry သီးတွေကိုတင်ပြီး အလှဆင်နိုင်ပါတယ်





1 comment:

Aunty Tint said...

Christmas , New year အချိန်တွေအတွက် တန်ဘိုးရှိတဲ့ ကိတ်မုန့်လေးတွေ....
Merry X'mas & Happy New year Evy ♥♥♥