ရိုးရိုး Sponge cake ကို နေ့ခင်းကော်ဖီချိန်အတွက်
ပြန်လည်ဆန်းသစ်ခြင်းပါ။
ပါဝင်ပစ္စည်းများ
(၆လက်မကိတ်တစ်လုံးစာ)
- ကြက်ဥ ၃လုံး
- သကြား ၈၀ ဂရမ်
- ဂျုံ ၈၀ ဂရမ်
- ဆီ ၃၀ ဂရမ်
- ဗနီလာ အနံ့- လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
လုပ်နည်းအဆင့်ဆင့်
- မုန့်ဖုတ်မည့်ဗန်းကို ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
- ဂျုံ၊ကို စကာချထားပါ။
- ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
- ပြီးမှ ဂျုံကိုအသာအယာရောမွှေပေးပါ။
- နောက်ဆုံးမှ ဆီ + ဗနီလာ ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
- ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
- ထို့နောက် ၁၇၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၂၅မိနစ်ဖုတ်ပါ။
- မုန့်ကျက်မကျက်သိရန် မုန့်သားအလယ်တည့်တည့်ကို စူးတံသုံး၍စမ်းပါ။
- မုန့်လုံးဝကျက်လျှင် ဗန်းမှထုတ်ကာ အအေးခံကာ ၂ လွှာရအောင် ရေပြင်ညီအတိုင်းလှီးပါ။
- ထိုနောက် စတော်ဘယ်ရီယို သို့မဟုတ် မိမိနှစ်သက်ရာ ယိုတစ်မျိုးမျိုးထည့်ကာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment