Tuesday, December 1, 2015

Checkered Cake






ရိုးရိုးလေးနဲ့ ဆန်းမယ့် ကိတ်မုန့်တစ်ခု လုပ်ကြရအောင်။ Checkered cake လို့အမည်တွင်ပါတယ်။ ကိတ်မုန့်သားအဖြူနဲ့ အညို (ချောက်ကလက်ကိတ်) ကိုအသုံးပြုထားပြီး အကွက်များရအောင် ပုံဖော်ထားတာပါ။

ပါဝင်ပစ္စည်းများ (၆လက်မကိတ်တစ်လုံးစာ - ကိတ်သားအဖြူ)
  • ကြက်ဥ  ၃လုံး
  • သကြား ၇၀ ဂရမ်
  • ဂျုံ ၈၀ ဂရမ်
  • ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
  • ဆီ ၃၀ ဂရမ်
  • ဗနီလာ အနံ့- လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပါဝင်ပစ္စည်းများ (၆လက်မကိတ်တစ်လုံးစာ - ကိတ်သားအညို)
  • ကြက်ဥ  ၃လုံး
  • သကြား ၇၀ ဂရမ်
  • ဂျုံ ၇၀ ဂရမ်
  • ကိုကိုးမှုန့် ၁၀ ဂရမ်
  • ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
  • ဆီ ၃၀ ဂရမ်
  • ဗနီလာ အနံ့- လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ခရင်မ်အတွက်

Non dairy whipping cream –၂၀၀ဂရမ်
ခရင်မ်ကို ပွလာအောင် ခေါက်ကာ ထားပါ။ မသုံးမခြင်း ရေခဲသေတ္တာထဲထည့်ထားပါ။

Chocolate Glaze

Non dairy whipping cream –၂၀၀ဂရမ်
ချောကလက်  - ၁၀၀  ဂရမ်
၂ မျိုးကိုရောကာ ရေနွေးငွေ့ခံကာ အပူပေးကာ အရည်ပျော်အောင်လုပ်ပြီး ပြန်အအေးခံထားပါ။



မုန့်လုပ်နည်းအဆင့်ဆင့်  (မုန့်သားအဖြူ အတွက်)
  1. မုန့်ဖုတ်မည့်ဗန်းကို ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
  2. ဂျုံနဲ့ ပွဆေးကို စကာချထားပါ။
  3. ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
  4. ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
  5. နောက်ဆုံးမှ ဆီ + ဗနီလာ ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
  6. ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
  7. ထို့နောက် ၁၇၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၂၅မိနစ်ဖုတ်ပါ။
  8. မုန့်ကျက်မကျက်သိရန် မုန့်သားအလယ်တည့်တည့်ကို စူးတံသုံး၍စမ်းပါ။
  9. မုန့်လုံးဝကျက်လျှင် ဗန်းမှထုတ်ကာ အအေးခံကာ ၃ လွှာရအောင် ရေပြင်ညီအတိုင်းလှီးပါ။
ချောကလက်မုန့်သားအတွက်လည်း အထက်ပါနည်းအတိုင်းလုပ်ကာ အအေးခံထားပါ။



ကိတ်အလှဆင်နည်းအဆင့်ဆင့်  

အကွက်များဖြစ်စေရန်ပုံဖော်ရန်အတွက် ကိတ်မုန့်သား အဖြူ၊ အညိုများကို ပုံပါအတိုင်း အ ကွင်းများရအောင် ဖြတ်ပေးပါ။

ရလာသော အကွင်းများတွင် မုန့်သား အဖြူတလှည့် အညိုတစ်လှည့် ပြန်စီပါ။ မုန့်သားတစ်ခုနှင့်တစ်ခုကြားတွင် ခရင်မ်ကိုသုတ်ပါ။

ထိုနောက် အသင့်ပြင်ထားသော ခရင်မ်ကို တစ်လွှာခြင်းထည့်ပေးကာ နောက်ဆုံးတွင် မျက်နှာပြင် ညီအောင် ညှိပါ။ ဘေးများကို ခ၇င်မ်ညီအောင်သုတ်ပါ။

နောက်ဆုံးမှ အအေးခံထားသော Chocolate glaze လောင်း အပြီးသတ်ပြီးရင် Checkered cake အဆင်သင့်ဖြစ်ပါပြီ။

No comments: