Thursday, December 31, 2015

Cranberry Cookies




လွယ်ကူမြန်ဆန်ပြီး အရသာရှိတဲ့ ကွတ်ကီးတစ်မျိုးပါ။ Cranberry အသီးခြောက်များကို ထည့်သွင်းပြုလုပ်ထားပါတယ်။

ပါဝင်ပစ္စည်းများ
ထောပတ် - ၁၆၀ ဂရမ်
ပေါင်ဒါသကြား - ၅၀ ဂရမ်
ဂျုံ - ၂၄၀ ဂရမ်
Cranberry သစ်သီးခြောက် - ၄၀ ဂရမ် (ခပ်သေးသေးစိတ်ထားပါ)


ပြုလုပ်နည်း
ထောပတ်နဲ့ သကြားကို ဖြူပြီးပွလာအောင် စက်ဖြင့်မွှေထားပါ

ပွလာတာနဲ့ ဂျုံနဲ့ သစ်သီးခြောက်များကိုရောထည့်ပြီး သမအောင်မွှေပါ။
မိမိနှစ်သက်ရာပုံသွင်းက ၁၆၀ ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၈ မိနစ်ဖုတ်ပေးပါ။

လုံးဝအေးမှ သုံးဆောင်ပါ။ 


No comments: