ချောကလက် ချစ်သူများကြိုက်ကြမယ့်မုန့်ပါ။
ဒီမုန့်အတွက် မုန့်သား အညို သို့မဟုတ် အဖြူချည်းသက်သက်ပဲ သုံးနိုင်သလို
ရောပြီးသုံးလို့လည်းရပါတယ်။
ပါဝင်ပစ္စည်းများ
(၆လက်မကိတ်တစ်လုံးစာ - ကိတ်သားအညို)
- ကြက်ဥ ၃လုံး
- သကြား ၇၀ ဂရမ်
- ဂျုံ ၇၀ ဂရမ်
- ကိုကိုးမှုန့် ၁၀ ဂရမ်
- ပွဆေး (baking powder) လက်ဖက်ရည် ဇွန်းထက်ဝက်
- ဆီ ၃၀ ဂရမ်
- ဗနီလာ အနံ့- လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ချောကလက်
ခရင်မ်အတွက်
Non dairy
whipping cream –၃၀၀ဂရမ်
ချောကလက် - ၁၅၀ ဂရမ်
၂ မျိုးကိုရောကာ ရေနွေးငွေ့ခံကာ အပူပေးကာ
အရည်ပျော်အောင်လုပ်ပြီး ပြန်အအေးခံထားပါ။
လုံးဝအေးမှ ခရင်မ်အနေအထားရောက်အောင်
စက်ဖြင့်ပြန်ခေါက်ထားပါ။
လုပ်နည်းအဆင့်ဆင့်
- မုန့်ဖုတ်မည့်ဗန်းကို ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
- ဂျုံ၊ကိုကိုးမှုန့် နဲ့ ပွဆေးကို စကာချထားပါ။
- ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
- ပြီးမှ ဂျုံ+ ပွဆေး + ကိုကိုးမှုန့်(စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
- နောက်ဆုံးမှ ဆီ + ဗနီလာ ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
- ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
- ထို့နောက် ၁၇၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၂၅မိနစ်ဖုတ်ပါ။
- မုန့်ကျက်မကျက်သိရန် မုန့်သားအလယ်တည့်တည့်ကို စူးတံသုံး၍စမ်းပါ။
- မုန့်လုံးဝကျက်လျှင် ဗန်းမှထုတ်ကာ အအေးခံကာ ၃ လွှာရအောင် ရေပြင်ညီအတိုင်းလှီးပါ။
- ထိုနောက် အသင့်ပြင်ထားသော ခရင်မ်ကို တစ်လွှာခြင်းထည့်ပေးကာ နောက်ဆုံးတွင် မျက်နှာပြင် ညီအောင် ညှိပါ။
- ရသာသော မုန့်ကို ကျန်သော ချောကလက်ရည်များဖြင့်လောင်းချကာ အလှဆင်ပြီးရင်တော့ အရသာရှိ၊ မျက်နှာပန်းလှတဲ့ မုန့်အသင့်ဖြစ်ပါပြီ။
No comments:
Post a Comment