Saturday, February 21, 2015

ချောကလက်ဆွစ်ရိုး




ဒါကတော့ Food Magazine Feb Issue အတွက်လုပ်ပေးဖြစ်တဲ့ မုန့်တစ်ခုပါ။ Swiss Roll နှစ်သက်သူတွေ အကြိုက်တွေ့ကြမှာပါ

ပါဝင်ပစ္စည်းများ
  • ကြက်ဥ  ၄လုံး
  • သကြား ၈၀ ဂရမ်
  • ဂျုံ ၈၅ ဂရမ်
  • ကိုကိုးမှုန့် ၁၅ ဂရမ်
  • ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
  • ဆီ ၄၀ ဂရမ်
  • ဗနီလာအနံ့- လက်ဖက်ရည်ဇွန်း ထက်ဝက်

ခရင်မ် အတွက်
·         Non dairy whipping cream - ၁၀၀  ဂရမ်
·          ချောကလက် ၇၀ ဂရမ်

၂ ခုလုံး ပျော်သွားအောင် double boil လုပ်ပြီးအပူပေးထားပါ။ အခန်းအပူချိန်အထိ အအေးခံပါ။ ထို့နောက် whipping cream ၈၀ ဂရမ်ကိုပွလာအောင် စက်ဖြင့်ခေါက်ပေးပါ။ အအေးခံထားသော ချောကလက်အရည် စားပွဲဇွန်း ၃ ဇွန်းခန့်ဖယ်ကာ ကျန်သောချောကလက်ရည်များအား တဖြည်းဖြည်းလောင်းထည့်ပေးပါ။ ဒါဆိုရင်တော့ ခရင်မ်အဆင်သင့်ဖြစ်ပါပြီ။



မုန့်လုပ်နည်းအဆင့်ဆင့်
(၁၀လက်မ x ၁၀လက်မဗန်း ဆီစိမ်စက္ကူခင်းထားပါ)
  1. ဂျုံ၊ ကိုကိုးပေါင်ဒါနဲ့ ပွဆေးကို စကာချထားပါ။
  2. ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
  3. ပြီးမှ ဂျုံ+ ပွဆေး + ကိုကိုးပေါင်ဒါ(စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
  4. နောက်ဆုံးမှ ဆီ+ ဗနီလာ ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
  5. ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
  6. ထို့နောက် ၂၀၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၃မိနစ်ဖုတ်ပေးပါ။
  7. မုန့်ကို ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။
  8. ထို့နောက် ဆီစိမ်စက္ကူတစ်ခုပေါ်တွင် မုန့်ကို မှောက်ချပေးပါ (အပေါ်မျက်နှာပြင်သည် ဆီစိမ်စက္ကူပေါ်မှာကျရပါမည်)။
  9. နောက် မုန့်အောက်ခြေမှာကပ်ပါနေသော ဆီစိမ်စက္ကူကို အသာအယာခွာပါ
  10. ခရင်မ် ကို ထိုမျက်နှာပြင်တွင် ဖြန့်ခင်းကာ မုန့်ကို အသာအယာလိပ်ပေးပါ။
  11. ရလာသော မုန့်ပေါ်တွင်လည်း ချန်ထားသောချောကလက်ရည် ကိုအသာအယာလောင်းချပေးကာ အနီရောင်သကြားခဲများ ဖြူးပြီး အလှဆင်ပါ။

1 comment:

Aunty Tint said...

ချော့ကလက်ဆွစ်ရိုး နည်းပညာလေးယူသွားပြီ Evy ... thanks a lot :)