Saturday, February 7, 2015
Cupcake
 Cupcake လေးတွေက လုပ်ရတာလွယ်သလို တစ်ခုချင်းစီအလှဆင်လို့ကောင်းတာကြောင့် လူကြိုက်များတဲ့ မုန့်လေးတွေပါ။ ခရင်မ်ကအစ ကိုယ်ကြိုက်တဲ့ အရောင်နဲ့ ဒီဇိုင်းကို တစ်ခုချင်းစီရွေးပြီး လုပ်နိုင်တာကြောင့် ဖေဖော်ဝါရီအတွက်တော့ မပါမဖြစ်မုန့်လေးတွေလို့ တင်စားချင်ပါတယ်။ ဒီမုန့်အတွက်တော့ ခရမ်းရောင် အဖျော့ခရင်ကိုရွေးသုံးထားပါတယ်။ မုန့်သားကတော့ ရိုးရိုး ဗနီလာမုန့်သားပေါ့။
ပါဝင်ပစ္စည်းများ
  • ထောပတ် ၁၂၀ဂရမ်
  • သကြား ၁၀၀ ဂရမ်
  • ကြက်ဥ ၂ လုံး
  • ဂျုံ  ၁၃၀ ဂရမ်
  • Baking powder ½ tsp
  • နွားနို့ စားပွဲဇွန်း ၂ ဇွန်း
လုပ်နည်းအဆင့်ဆင့်
  1. ဂျုံ၊ baking powder ကို စကာ ချထားပါ။
  2. ပထမဆုံး သကြားနဲ့ ထောပတ် ကို ပွလာအောင် မွှေပေးပါ။
  3. ကြက်ဥကို တစ်လုံးချင်းထည့်ပြီး သမအောင် ထည့်မွှေပေးပါ။
  4. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ ။
  5. ထို့နောက်မုန့်ဖုတ်မည့် ခွက်ထဲကို ထည့်ပြီး ၁၇၀ ဒီဂရီ တွင် ၁၈ - ၂၀ မိနစ် ဖုတ်ပေးပါ။
  6. မုန့်ကျက်မကျက်ကိုသိရန် cake skewer ဖြင့် မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ
ခရင်မ်လုပ်နည်း
·         Non dairy whipping ၂၀၀ ဂရမ်ကိုပွပြီး စေးလာအောင် စက်ဖြင့်ခေါက်ပေးပါ။ ခရမ်းရောင် အစားအသောက်ဆိုးဆေးအနည်းငယ်ထည့်ပေးပါ
·         ဒါဆိုရင်တော့ အလှဆင်ဖို့ ခရင်မ်အဆင်သင့်ဖြစ်ပါပြီ။
·         အခုလုပ်ပြထားတဲ့ ကိတ်အတွက်တော့ start tip အကြီးကိုသုံးပေးထားပါတယ်။
·         ခရင်မ်ကို မုန့်အပြင်သားမှစပြီး လက်ယာရစ်ရစ်ချကာ အလယ်မှာအဆုံးသတ်ပေးပါ။
·         အသဲပုံသကြားခဲလေးများနဲ့ အလှဆင်လိုက်ရင်တော့ ချစ်စရာကောင်းတဲ့ မုန့်လေးများရမှာဖြစ်ပါတယ်။
1 comment:
Unknown said...