တရုပ်ဟင်းတွေလို့ ဆိုလိုက်တာနဲ့
အသီးအရွက်ပါစမြဲပါပဲ။ တရုပ်အသီးအရွက်ကြော်များဟာ ဆီမများပဲ ခပ်စိမ်းစိမ်းတွေမို့
ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ထင်ပါတယ်။ အသီးအရွက်ကြော်နည်းပေါင်း အများကြီးထဲကမှ
စားကောင်းမယ့်နည်းလေးကို မျှဝေပေးချင်ပါတယ်။
ဒီဟင်းပွဲကတော့ မုန်ညှင်းနဲ့
တရုပ်မှိုခြောက်ကိုရောကြော်ထားတာပါ။ ကြော်တာက ရိုးရိုးပေမယ့် ဆော့စ်ကနဲနဲဆန်းပြီး
အရသာရှိပါတယ်။ မှိုထဲကိုဆော့စ်တွေဝင်သွားတော့ မှိုကလည်း
တော်တော်စားလို့ကောင်းပါတယ်။ တရုပ်စတိုင်ထမင်းကြော်လေးနဲ့ဆိုရင် သိပ်လိုက်ဖက်ပါတယ်။
ပထမဆုံးမှို ၈
ခုလောက်ကိုနာရီဝက်လောက်ရေစိမ်ထားပြီး လှီးထားပါ။
မှိုကြော်အတွက်ဆော့စ်
- ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
- ဆန်ဝိုင် စားပွဲဇွန်း ၁ ဇွန်း
- ရှာလကာရည် လက်ဖက်ရည် ၁ ဇွန်း
- သကြားလက်ဖက်ရည် ၁ ဇွန်း
- နှမ်းဆီမွှေးစားပွဲဇွန်း ၁ ဇွန်းခွဲ
နှမ်းဆီကလွဲလို့ ကျန်တာတွေအားလုံးကို
ရောမွှေထားလိုက်ပါ။
ဆီသတ်ဖို့အတွက် ကြက်သွန်ဖြူ ၁
မွှာ (နုတ်နုတ်စဉ်း) ချင်း အပြားသေး ၁ပြား (နုတ်နုတ်စဉ်း)
ပြုလုပ်နည်း
- ပထမဆုံးနှမ်းဆီကို ပူလာအောင် အပူပေးပြီး ကြက်သွန်ဖြု၊ ဂျင်းကို ကြော်ပေးပါ
- ၁၀ စက္ကန့်လောက်နေရင် မှိုတွေကိုထည့်ပြီး ခဏကြော်ပေးပါ
- နောက် ခုနကရောထားတဲ့ဆော့စ်ကိုလောင်းထည့်ပြီး ၃ မိနစ်လောက်တည်ပါ။
- မီးပိတ်ပြီး ရေနွေးဖျောထားတဲ့ မုန်ညှင်းကိုရောမွှေပေးရင် ရပါပြီ
3 comments:
အတော်ပဲ ညီမရေ... ဒီနေ့ပဲဈေးထဲက အဲဒီမှိုဝယ်လာခဲ့တာ ကြော်စားဦးမယ် ချိုမွှေးနေမယ့်အရသာလေးပဲ
ညီမရေ facebook ကနေလာတော. spam ဆိုတာကြီး ပေါ်လာပြန်ပြီနော် ..
အိမ်မှာ အစုံရှိနေတုန်းဖတ်မိတာ အတော်ပဲ နက်ဖြန်ကိုလုပ်စားကြည့်မယ်
Post a Comment