ပါဝင်ပစ္စည်းများ
- သခွားသီးအကြီး ၁ လုံး (အူတိုင်ချန်ပြီး အမျှင်တွေခြစ်ထား)
- မုန်လာဥနီအနည်းငယ် (အမျှင်လေးတွေခြစ်ထားပါ)
- ဗမာထန်းလျက် အသေး၂ခဲ
- ခရမ်းချဉ်သီး (cherry tomato 5 လုံး)
- သံပုရာသီး ၁လုံး (အစိတ်တွေစိတ်ထားပါ)
- ငရုပ်သီး၎ တောင့် (အစပ်မစားနိုင်ရင်လျော့ထည့်ပါ)
- ကြက်သွန်ဖြူ ၅ မွှာ
- ငါးငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
- မြေပဲဆံ အနည်းငယ်
- ပုဇွန်ခြောက်အနည်းငယ်
ပြုလုပ်နည်း
- ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်၊ ငရုပ်သီးများကို အရင်ထောင်းပါ
- ပြီးရင် သံပုရာသီး၊ မုန်လာဥနီ နဲ့ ခရမ်းချဉ်သီးများကို ထည့်ထောင်းပါ
- နောက်ထန်းလျက်နဲ့ မြေပဲဆံများကိုလည်းထည့်ထောင်းပေးပါ။
- နောက်ဆုံးမှသခွားသီးကို ခပ်ဖွဖွထောင်းပေးပါ။
- ငံပျာရည်လည်းထည့်မွှေပြီး အပေါ့အငံကို စိတ်ကြိုက်ထည့်ပါ။
- ဒါဆိုရင်တော့ စားလို့ကောင်းတဲ့ သခွားသီးထောင်း အသင့်ဖြစ်ပါပြီ။
8 comments:
သခွားသီးထောင်းကို အရမ်းကြိုက်တယ် မအိရေ စုထောင်းတာ မုန်လာဥနီမပါဘူး နောက်တခါမုန်လာဥနီပါထည့်စားရမယ် မရေ ကျေးဇူးတင်ပါတယ်
လွယ်တယ်နော် မမ.. လုပ်စားကြည့်ဦးမယ် :D
Look so good !
စားချင်စရာလေး ဓာတ်ပုံလေးတွေကလည်း လှတယ်။
သဘောင်္သီးထောင်းကြိုက်တော့ သခွားသီးထောင်းလဲကြိုက်တယ်...။
သဘောင်္သီးရှောင်ထားတာနဲ့အတော်ပဲ သခွားသီးလေးထောင်းစားအုံးမယ်.. နည်းနည်းမြည်းသွားတယ်နော်အမ..
လုပ်ထားတာလည်းကောင်း ဓာတ်ပုံလေးကလည်းလှတော့ တကယ်ကို သွားရည်ယိုချင်စရာလေးပါလားနော်..
စာဖတ်ရင်း သွားရည်တွေယိုလာမိတယ်တော့
သခွားသီးထောင်းလေးတွေ့တော့ ခံတွင်းတော်တော်ကောင်းလာပြီဆိုတာ သိလိုက်ရတယ်
နောက်နေ့ လုပ်စားကြည့်အုံးမယ်
Post a Comment