Monday, August 10, 2015

Rum Balls




ဒီမုန့်နာမည်ကတော့ Rum Balls ဆိုတဲ့ အတိုင်း Rum ကိုသုံးပြီးပြုလုပ်ထားသော မုန့်တစ်မျိုးပါ။ အဓိက သဘောကျတဲ့ အချက်က အရသာအပြင် ပိုနေတဲ့ ကိတ်အစအနလေးတွေကိုသုံးပြီး အလေအလွင့်မရှိအောင် ပြုလုပ်ထားလို့ပါ။ အရသာခါးသက်သက်နဲ့ ဆိမ့်ပြီး စားကောင်းပါတယ်။ ကျွန်မကတော့ ဒီ recipe အတွက် Rum အစား coffee liquor ကိုအစားထိုးသုံးထားပါတယ်။

ပါဝင်ပစ္စည်းများ
·         ကိတ်မုန့်အစများ - 1 cup
·         ကိုကိုးမှုန့် စားပွဲဇွန်း ၁ ဇွန်း ခွဲ
·         Icing sugar - စားပွဲဇွန်း ၁ ဇွန်း
·         ပျားရည် စားပွဲဇွန်း ၁ ဇွန်း
·         Coffee liquor or Rum – စားပွဲဇွန်း ၂ ဇွန်းခန့်


ပါဝင်ပစ္စည်းများအားလုံးကိုသာ သမအောင် သေချာရောနယ်လိုက်ပါ။ ပြီးရင် အလုံးလေးများလုံးကာ  icing sugar ထဲမှာ လှိမ့်ပေးပါ။ ၆ နာရီခန့်ကြာမှ သုံးဆောင်ပါ။ ဘာနဲ့တူလဲဆိုတော့ မလိုင်လုံး မုန့်သားအနေကို ခပ်ခါခါး ဆိမ့်ဆိမ့်လေး စားရသလိုပါပဲ။ အရမ်းကို စားလို့ကောင်းတဲ့ အပြင် အလေအလွင့်လဲ မရှိအောင်လုပ်ပေးတဲ့ မုန့်ဖြစ်တာကြောင့် မုန့်ဖုတ်သူများ စမ်းကြည့်သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။

No comments: