Sunday, October 18, 2015

Chocolate Rice Cake








Chocolate rice အစေ့လေးတွေ ထည့်လုပ်ထားတဲ့ ကိတ်ပါ။ ချောကလက်ကိတ် သီးသန့်မကြိုက်သူတွေအတွက် အဆင်ပြေပါတယ်။ ရိုးရိုးထောပတ်ကိတ်အရသာကို  ချောကလက်အရသာပါးပါးလေးပါရုံသဘောမျိုးပါပဲ။


ပါဝင်ပစ္စည်းများ  (၈”x လေးထောင့်ဗန်း ၁ ခုစာ)

ထောပတ် ၂၅၀ ဂရမ်
သကြား ၁၈၀ ဂရမ်
ကြက်ဥ ၄ လုံး
ဂျုံ ၂၅၀ ဂရမ်
Chocolate rice စားပွဲဇွန်း ၃ ဇွန်းခန့်
ဘိတ်ကင်ပေါင်ဒါ ၈ ဂရမ်
ဗနီလာအနံ့ အနည်းငယ်
နွားနို့ စားပွဲဇွန်း ၆ ဇွန်း




လုပ်နည်းအဆင့်ဆင့်
  1. မုန့်ဖုတ်မယ့်ခွက်ကို ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
  2. ဂျုံ၊ ပွဆေး ကို စကာ ချထားပါ။ နို့ကို ဗနီလာအနံ့နဲ့ရောထားပေးပါ။
  3. မုန့်ဖုတ်ရန် အသင့်ဖြစ်ပြီဆိုရင် သကြားနဲ့ ထောပတ်ကို ပွလာအောင် မွှေပေးပါ
  4. ကြက်ဥကို ဖြည်းဖြည်းချင်းထည့်ပြီး သမအောင် ထည့်မွှေပေးပါ။
  5. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ အရင်တုန်းက လုပ်နည်းတွေအတိုင်း ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ ။
  6. နောက်ဆုံးပိတ်မှ chocolate rice များကိုထည့်မွှေပါ။
  7. ရလာသောမုန့်နှစ်ကို မုန့်ဖုတ်မယ့်ခွက်ထဲထည့်ကာ မျက်နှာပြင်ညှိ ကာ၁၆၀ ဒီဂရီအပူပေးထားသော Oven မှာ ၁ နာရီ မိနစ် ၂၀ ခန့်ဖုတ်ပေးပါ။
  8. မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ
 

No comments: