Saturday, October 17, 2015

Sponge Cake ပျက်စီးစေသော အချက်များ


Photo courtesy of Google Image.


ခုတစ်လော sponge cake နဲ့ ပတ်သက်တွေ မေးခွန်းကို ခဏခဏလက်ခံရရှိတာကြောင့် အားလုံးအတွက် အကျိုးရှိမယ်ထင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Sponge ကိတ်က ကျစ်သွားတယ်၊ မာသွားတယ် ဘာဖြစ်လို့ပါလဲ ဆိုတဲ့ မေးခွန်းက အဓိကပါ။ ပထမမုန့်ဖတ်စာအုပ်မှာ ရေးပေးထားဖူးတဲ့ အချက်တွေကို ထပ်ပေါင်းပြီး ဖော်ပြပေးလိုက်ပါတယ်။ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။



Sponge cake စပြီးလုပ်လုပ်ခြင်းမှာ အပျက်အစီးနည်းနည်းရှိတတ်ပါတယ်။ အဓိက အဆင့်၂ ဆင့်ရှိပါတယ်။

ပထမက ကြက်ဥမွှေတဲ့ အဆင့်ပါ။ ကြက်ဥနဲ့ သကြားကိုမွှေတဲ့ နေရာမှာ စေးပြီး ပျစ်လာအောင်မွှေရပါတယ်။ ribbon like stage လို့သုံးကြပါတယ်။ ဒီအဆင့်မရောက်ပဲ ဂျုံထည့်မွှေရင်လည်း မုန့်ကျစ်မှာ ၁၀၀% သေချာသလောက်ပါပဲ။ 

ဒုတိယတစ်ဆင့်က ဂျုံမွှေတဲ့ အဆင့်ပါ။ ဂျုံကို အရမ်းကြမ်းကြမ်းထည့်မွှေရင်လည်း ဖြစ်တတ်ပါတယ်။ Sponge Cake တွေဟာ မုန့်သားပွတဲ့ ကိတ်မုန့်တွေဖြစ်တာကြောင့် မုန့်နှစ်ထဲမှာရှိတဲ့ air bubble လေးတွေ ကိုကိုင်တွယ်ပုံကိုင်တွယ်နည်းဟာ အရေးပါလှပါတယ်။ဒါ့ကြောင့် ဒီ ၂ ချက်ကို နဲနဲသတိထားပေးရင် အပျက်အစီးနည်းသွားနိုင်ပါလိမ့်မယ်။

No comments: