Wednesday, April 13, 2016

Strawberry Shortcake




နူးညံ့လှတဲ့ မုန့်သား ခရမ်အလွှာများ စတော်ဘယ်ရီသီးများနဲ့ ပြုလုပ်ထားတဲ့ ကိတ်ပါ။ ခရင်မ်ရဲ့ ဆိမ့်တဲ့ အရသာကို မအီစေရန် စတော်ဘယ်ရီက ထိန်းပေးပါတယ်။ အရသာကောင်းလှတာကြောင့် လုပ်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ကြက်ဥ  ၃လုံး
  • သကြား ၈၀ ဂရမ်
  • ဂျုံ ၈၀ ဂရမ်
  • ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
  • ဆီ ၃၀ ဂရမ်
  • ဗနီလာအနံ့- လက်ဖက်ရည်ဇွန်း ထက်ဝက်
ခရင်မ်အတွက်
·         Whipping Cream 200 ဂရမ် နဲ့ icing sugar စားပွဲတင်ဇွန်း ၂ ဇွန်းကို ရောကာ ခရင်မ်ဖြစ်အောင် ခေါက်ထားပါ။

မုန့်လုပ်နည်းအဆင့်ဆင့်
(၁၀လက်မ x ၁၀လက်မဗန်း လေးထောင့် ဆွစ်ရိုးဗန်းကိုဆီစိမ်စက္ကူခင်းထားပါ)
  1. ဂျုံနဲ့ ပွဆေးကို စကာချထားပါ။
  2. ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
  3. ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
  4. နောက်ဆုံးမှ ဆီ+ ဗနီလာ ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
  5. ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
  6. ထို့နောက် ၂၀၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၃မိနစ်ဖုတ်ပေးပါ။
  7. မုန့်ကို ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။
  8. ရလာသော မုန့်သားကို ၄ ပိုင်းအညီအမျှပိုင်းပါ။




  1. ပထမအလွှာခင်းပြီး ခရင်မ်သုတ်ကာ စတော်ဘယ်ရီ စိတ်များ ဖြူးပေးကာ ခရင်မ်ထပ်သုတ်ပါ။
  2. ကျန်အလွှာများကိုလည်း ထိုနည်းအတိုင်းပြုလုပ်ကာ မုန့်တစ်ခုလုံးကို ခရင်များနဲ့ သုတ်လိမ်းပေးကာ စတော်ဘယ်ရီသီးများနဲ့ အလှဆင်ပါ။
  3. လွယ်ကူ အရသာရှိသော strawberry shortcake အသင့်ဖြစ်ပါပြီ။



No comments: