Swiss Roll ကိုအရောင်လေးတွေစပ်ပြီး စိတ်ဝင်စားအောင်လုပ်ပြထားတာပါ။
အထဲက ခရင်မ်ကတော့ ပုံမှန် Whipping cream ကိုပဲသုံးထားပါတယ်
ပါဝင်ပစ္စည်းများ
- ကြက်ဥ ၃လုံး
- သကြား ၈၀ ဂရမ်
- ဂျုံ ၈၀ ဂရမ်
- ပွဆေး (baking powder) လက်ဖက်ရည် ဇွန်းထက်ဝက်
- ထောပတ် ၃၀ ဂရမ် (အပူပေးပြီး ပျော်အောင်လုပ်ထားပါ)
- ဗနီလာ အနံ့အနည်းငယ်
ကိတ်မုန့်လုပ်နည်းအဆင့်ဆင့်
(၁၀လက်မ x ၁၀လက်မဗန်း ဆီစိမ်စက္ကူခင်းထားပါ)
- ဂျုံနဲ့ ပွဆေးကို စကာချထားပါ။
- ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ ribbon like stage ရောက်သည်အထိမွှေရပါမယ်။
- ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
- နောက်ဆုံးမှ ဆီ + ဗနီလာ အနံ့ ကိုရောမွှေကာ မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။ ပြီးမှကျန်သောမုန့်နှစ်များထဲ ပြန်ရောထည့်ပေးပါ။
- ရလာသောမုန့်နှစ်ကို တစ်ဝက်ခွဲကာ ပန်းရောင် နဲ့ ခရမ်းရောင် အစားအသောက်ဆိုးဆေးထည့်ပေးပါ။ မိမိနှစ်သက်ရာ အခြားအရောင်များလည်း သုံးနိုင်ပါတယ်။
- မုန့်နှစ်များအသင့်ဖြစ်ပါပြီ
- ထို့နောက် မုန့်ဖုတ်စက္ကူခင်းထားသေားဗန်းတွင် မုန့်နှစ် ၂မျိုးကို ဇောင်းပုံစံဖြည့်ခင်းပေးပါ။
- ဗန်းအပြည့်ခင်းပြီးလျှင်၁၇၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၅မိနစ်ဖုတ်ရင်ရပါပြီ။
- မုန့်ကို ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။ အေးသွားပြီဆိုမှ နှစ်သက်ရာ ခရင်မ်တစ်မျိုးမျိုး ကို မျက်နှာပြင်တွင် ဖြန့်ခင်းကာ မုန့်ကို အသာအယာလိပ်ပေးပါ။
- ဆန်းသစ်သော swiss roll အသင့်ဖြစ်ပါပြီ။
No comments:
Post a Comment