Wednesday, March 6, 2013

Brownies Cookies





ခုတစ်ခါလုပ်ပြထားတာကတော့ Brownies Cookie ပါ။ ဟိုတုန်းက Brownies လုပ်နည်းကိုရေးခဲ့ဖူးတယ်နော်။ အဲဒါကတော့ ရိုးရိုး Brownies ပေါ့။ ခုတစ်ခါတော့ Cookie လိုလုပ်ပြထားထားတာ။ ချောကလက်နှစ်သက်သူများ သဘောကျကြမယ့် မုန့်တစ်ခုပါပဲ။

ပါဝင်ပစ္စည်းများ
  • ချောကလက် ( Semi Sweet)  ၁၅၀ ဂရမ်
  • နေကြာဆီ ၁၂၀ ဂရမ် 
  • သကြား ၁၈၀ ဂရမ်
  • ကြက်ဥ ၂ လုံး
  • ဂျုံ ၆၅ ဂရမ်
  • Baking Powder  လက်ဖက်ရည် ဇွန်း ၁ ဇွန်းခွဲ
  • ကိုကိုးအမှုန့် ၆၅ ဂရမ်
  • ဗနီလာ အမွှေးနံ့ လက်ဖက်ရည် ၁ ဇွန်း


မုန့်ဖုတ်နည်းအဆင့်ဆင့်
  1. ပထမဆုံး ချောကလက်နဲ့ ဆီနဲ့ ရောပြီး အရည်ပျော်အောင်ကျိုပြီး အအေးခံထားပါ ။(အဲဒီချောကလက်ကို အရည်ပျော်အောင်လုပ်တဲ့နေရာမှာ ရေနွေးငွေ့သုံးပါတယ်။ အရွယ်တော်အိုးလေးတစ်ခုကို ရေထက်ဝက်လောက်ထည့်ပြီး အဲဒီအပေါ်မှာမှ ချောကလက်၊ဆီထည့်ထားတဲ့ ခွက်ကိုတင်ပါ။ ဘာလို့လဲဆိုတော့ မီးအပူနဲ့တိုက်ရိုက်ထိတဲ့ ချောကလက်တွေဟာ ခါးသက်ပြီးတူးသွားတတ်လို့ မီးအပူဟာ ချောကလက်ရဲ့ရန်သူလို့တောင် ပြောလို့ရပါတယ် )
  2. ဂျုံ၊ ပွဆေး နဲ့ ကိုကိုးမှုန့်ကို ဇကာချထားပါ။
  3. ကြက်ဥ၊ ဗနီလာ နဲ့ သကြားကို ပွလာအောင် စက်နဲ့ ခေါက်ပေးပါ။ Ribbon like stage ဖြစ်ရပါမယ်။ အဲလိုဖြစ်ဖို့ ၅ မိနစ်လောက်တော့ကြာပါလိမ့်မယ်။ အဲလိုဖြစ်လာပြီဆိုရင်  ချောကလက်-ထောပတ်အရည်ကို အသာအယာ ထည့်မွှေပေးပါ။
  4. နောက်ဆုံးမှ ဂျုံအရောကို ထည့်မွှေပေးပါ
  5. မုန့်သားရပြီဆိုရင် မုန့်ဖုတ်မယ့် ဗန်းမှာပုံပါအတိုင်း မုန့်နှစ်လေးတွေကို ၁ လက်မအကွာလောက်စီ ချပေးပါ။
  6. ပြီးရင် ၁၇၀ ဒီဂရီမှာ ၁၇ မိနစ်လောက်ဖုတ်ပေးပါ။ အအေးခံပြီးရင်တော့ အရသာရှိလှတဲ့ Brownies cookie လေးတွေအသင့်ဖြစ်နေပါပြီ။

Sunday, March 3, 2013

Processed Food နဲ့ ကျန်းမာရေး



Photo courtesy of Google image


Photo courtesy of Google image
ခုနောက်ပိုင်းမှာ လူအများစုဟာ အကြောင်းအမျိုးမျိုးကြောင့် အလွယ်တကူရနိုင်တဲ့ Junk Food တွေ Processed Food တွေကို ပိုပြီး အစားများလာကြတာကို သတိထားမိကြမှာပါ။ တစ်ချို့ကလည်း အလွယ်တကူရလို့ စားကြသလို တစ်ချို့ကတော့ ကြိုက်လို့ စသဖြင့် အကြောင်းအရာ အမျိုးမျိုးကြောင့် စားသုံးကြတာပါပဲ။ သေချာတာကတော့ အချိန်ရှားတဲ့ ခုခေတ်မှာ ချက်ပြုတ်စားတာနဲ့ စာရင် ဒီလိုအစားအသောက်တွေက လွယ်ကူနေတော့ လူတွေအကြိုက်ဖြစ်လာတော့တာပါပဲ။  ပထမဆုံး Junk Food ဆိုတာကဘာလဲ၊ Processed Food ဆိုတာနဲ့ရော ဘယ်လိုကွာခြားလဲကို ကြည့်ကြရအောင်။

Junk Food ဆိုတာကတော့ အာဟာရဓာတ်ပါဝင်မှု နဲပြီး ကျန်းမာရေးအတွက် မသင့်တော်တဲ့ အဆီ၊ဆားဓတ်၊ သကြားဓတ်တွေ ကယ်လိုရီအများအပြား ပါဝင်တဲ့ အစားအသောက်တွေအားလုံးကိုခေါ်တာပါပဲ။ သရေစာတွေဖြစ်တဲ့ အာလူးကြော်၊ သကြားလုံး၊ အချိုပွဲတွေ၊ ဟမ်ဘာဂါတွေ အားလုံးဟာ Junk Food စာရင်းထဲမှာပါပါတယ်။ ဒီလိုအစားအသောက်တွေကို တစ်ခါတစ်လေ စားသောက်ခြင်းဟာ ကျန်းမာရေးကို မထိခိုက်စေပေမယ့် အမြဲတမ်းနှစ်ခြိုက်စွာ စားသုံးနေမယ်ဆိုရင်တော့ ရေရည်မှာ ကျန်းမာရေးအတွက် ဆိုးကျိုးပေးမှာကတော့ အသေအချာပါပါ၊

နောက်တစ်ခုက Processed food -  သူ့နာမည်အတိုင်း အစားအသောက်တွေကို Chemical တွေသုံးပြီး ပုံပြောင်းပစ်လိုက်တာ။ အထားခံအောင်လည်း ဆေးတွေထည့်ရသလို သကြားတို့ ဆားတို့လည်း အများကြီးပါဝင်ပါတယ်။ သကြားတို့ ဆားတို့ကလည်း အစားအသောက်ကိုတာရှည်ခံစေတဲ့ ဂုဏ်သတ္တိတွေပါပါတယ်။ အထူးသဖြင့် canned ဗူးတွေ။ ကြာခံအောင်လုပ်ပြီး ရေခဲရိုက်ထားတဲ့ဟာတွေပေါ့။ အနီးစပ်ဆုံး ဥပမာပေးရရင်တော့ Chicken nugget လေးတွေ။
Photo courtesy of Google image


Food processing မှာလည်း ကောင်းတဲ့အချက်တွေရှိသလို ဆိုးတာတွေလည်း အများကြီးပါပဲ။ ကောင်းတာကတော့ ကမ္ဘာအရပ်ရပ်က အစားအသောက်တွေကို လူတွေမြည်းစမ်းကြည့်ခွင့်ရှိလာတယ်။ ကမ္ဘာ့အနောက်ခြမ်းမှာထုတ်လုပ်ပြီး အရှေ့တိုင်းမှာစားသုံးတယ် ဆိုတာမျိုးတွေရှိလာတယ်။ အစားအသောက်တွေ တာရှည်ခံသလို စားချင့်စဖွယ်ပုံလေးတွေနဲ့ ထုတ်လုပ်တော့ လူတွေအများစုစိတ်ဝင်စားကြတယ်။ အချိန်ရှားတဲ့ လူနေမှုစနစ်အတွက် အများကြီး အထောက်အကူပြုတယ် စသဖြင့်ပေါ့။ ဆိုးတဲ့အချက်ကတော့ ကျန်မာရေးအတွက်ပါပဲ။ လူတွေက အဲဒါတွေစားလို့ အ၀လွန်ရောဂါတွေ ဖြစ်တယ်။ မကောင်းတဲ့ အဆီဓာတ်တွေပါတဲ့အတွက် နှလုံး၊ သွေးတိုးနဲ့ ဆီးချိုရောဂါတွေ ဖြစ်စေတယ်။ အများကြီးပဲနော်။

အဲဒါတွေကို မသိတဲ့သူတွေရှိသလို သိတဲ့လူတွေကလည်း သိသိနဲ့ နှစ်ခြိုက်စွာစားနေကြတုံးပါပဲ။ ဘာလို့လဲဆိုတော့ သူတို့ကို ဘယ်လိုထုတ်လုပ်တယ် ဆိုတဲ့ပုံကို ကျွန်မတို့ သေချာမှ မမြင်ရပဲကိုး။ မကောင်းတဲ့အချက်တွေကလည်း ရေးပြယုံနဲ့တော့ ကိုယ်တိုင်ခံစားရတာမဟုတ်လေတော့ မကြောက်ရေးချမကြောက်ဆိုသလိုပေါ့။ အဲဒါကြောင့် processed food ဘယ်လိုထုတ်လုပ်သလဲဆိုတာကို ဖတ်ရမှတ်ရသလောက် ပုံလေးတွေရှာပြီး တင်ပေးလိုက်ပါတယ်

ကျွန်မတို့နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ Chicken Nugget လေးတွေဘယ်လို ထုတ်လုပ်သလဲဆိုတာကို ကြည့်ကြရအောင်။ ပထဆုံး ကြက်သားကို စားလို့ရတဲ့ အပိုင်းတွေကို ဖယ်ထုတ်လိုက်ပြီး ကျန်တဲ့ အရိုးတွေအရွတ်တွေ အားလုံးကို ကြိတ်လိုက်တဲ့ အခါမှာ ဒီလိုထွက်လာပါတယ်။ 

Photo courtesy of Google image


အဲဒါကိုမှ ဂျုံ။ အထားခံတဲ့ ပစ္စည်းတစ်ချို့နဲ့ ပေါင်းပြီး nugget လေးတွေဖြစ်အောင် ပုံသွင်းလိုက်ပြီးရင် ကျွန်မတို့စားသုံးသူတွေဆီကို ရောက်လာတာပါပဲ။ 

Photo courtesy of Google image


ဒါကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ ၀ယ်စားနေတဲ့ nugget တွေဟာ ကြက်အရိုးအရွတ်အရေခွံတွေသာပါတဲ့ အစားအစာတွေဆိုတာပါပဲ။ အဲဒီတော့ ဘယ်မှာလဲ အာဟာရဓာတ်တွေ၊ လူ့အတွက် အကျိုးပြုပစ္စည်းတွေ။ နောက်တစ်ခုက Luncheon meat လို့ခေါ်တဲ့ ဗူးထဲက အသားတွေ။ အဲဒါတွေလည်း ထိုနည်း၎င်းပဲနော်။

ဒီလို Processed food တွေကို သတိထားမိအောင် နာမည်ကြီး Chef ဖြစ်တဲ့  Jamie Oliver က Food revolution ဆိုတဲ့အစီအစဉ်ကနေပြီး လူထုကို မီးမောင်းထိုးပြခဲ့ပါသေးတယ်။ Chicken nugget ကိုသူကိုယ်တိုင်လုပ်ပြခဲ့တာပါ။ သူကတော့ အနောက်တိုင်းလူအများစု ဖြစ်နေတဲ့အစားအသောက်လူနေမှုပုံစံအတွက် ရိုက်ပြခဲ့တာပါ။ ဒါကို ကျွန်မတို့ကလည်း သင်ခန်းစာယူသင့်ပါတယ်။ ဗမာအများစုကတော့ အိမ်မှာပဲ ချက်ပြုတ်စားသောက်ကြတာများတဲ့အပြင် အဓိကစားတဲ့ ဗမာအစားအစာကိုယ်တိုင်ကလည်း ဒါမျိုးတွေ သိပ်မပါတဲ့အတွက် တော်သေးတယ်လို့ဆိုရပါမယ်။ ဒါပေမယ့်လည်း ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ processed food တွေကလည်း ဈေးကွက်မှာနေရာယူလာတဲ့အတွက် သတိလေးတော့ ချပ်စေချင်ပါတယ်။ လုံးဝမစားရဘူးရယ်လို့မဟုတ်ပါဘူး။ အဲလိုမျိုးလည်း ထိန်းချုပ်ဖို့ဟာမဖြစ်နိုင်ပါဘူး။ အဓိကကတော့ သတိလေးနဲ့ ထိန်းထိန်းသိမ်းသိမ်းလေး စားကြမယ်ဆိုရင်တော့ ဆိုးကျိုးတွေကို ရှောင်နိုင်ကြမှာပါ။ ဒါ့ကြောင့် Junk food စားချင်ရင်လည်း အကန့်အသတ်ကလေးနဲ့ စား၊ အသီးအရွက်များများစားပြီး ၊ရေများများသောက် ပြီး အားကစားလေ့ကျင့်ခန်းလည်း ယူပေးမယ်ဆိုရင်တော့  ကျန်းမာတဲ့မိသားစုလူနေမှု ဘ၀ပုံစံကိုတည်ဆောက်နိုင်မှာအသေအချာပါပဲ။

Article Ref: The Internet.

Friday, March 1, 2013

Oreo Mini Cheese Cake (ချိစ်ကိတ်အသေးလေးများ)



ကျွန်မတို့အိမ်မှာ ချိစ်ကိတ်ဆိုရင်လုပ်စားခဲပါတယ်။ ခရင်မ်ချိစ်တွေအများကြီးပါတာကို တွေ့ပြီး လန့်တာနဲ့ သိပ်မစားကြတာပါ။ အဲဒါနဲ့ ပမာဏသေးသေးလေးတွေလုပ်ပြီး စားတော့မှအဆင်ပြေသွားတော့တယ်။ ဒါတောင်မှ ၄ ရက်လောက်စားယူရပါတယ်။ ကျွန်မသုံးတဲ့ ခွက်အသေးလေးတွေနဲ့ ၃ ခွက်စာလောက်ထွက်ပါတယ်။ ၃ လက်မအရွယ်ဘဲဥပုံလေးတွေပေါ့။ ၈လက်မဗန်းနဲ့ဆိုရင်တော့ လုပ်နည်းကို ၄ ဆတိုးရင် အဆင်ပြေပါ့လိမ့်မယ်။
ဒီတစ်ခါတော့ အာဗင်သုံးစရာမလိုဘူး။ အေးခဲတဲ့ cheese cake ဆိုတော့ ဒီတိုင်းလိုက်လုပ်ကြည့်ချင်သူများလဲ အဆင်ပြေမယ်ထင်ပါတယ်

အောက်ခံbaseအတွက်

  • Digestive biscuit ၄၀ ဂရမ်
  • ထောပတ် ၂၀ ဂရမ်

ဘီစကစ်တွေကို အမှုန့်ခြေပြီး ထောပတ်ရည်နဲ့ ရောပေးပါ။ ပြီးရင် မုန့်ဖုတ်မယ့်ဗန်းအခြေထဲကို ဖိသိပ်ပေးပါ။  နောက်ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ခန့်ထားပေးပါ။ သုံးတဲ့ဗန်းက အခြေကို ဖြုတ်လို့ရတဲ့ ဗန်းမှ အဆင်ပြေမှာါ။


မုန့်သားအတွက်

  • ခရင်မ်ချိစ် ၆၀ ဂရမ်
  • ၁၅ ဂရမ် icing sugar
  • ပျားရည်လက်ဖက်ရည် ၁ဇွန်း
  • နွားနို့၁၅ ဂရမ်
  • ဗနီလာအနံ့ ၁စက်ခန့်
  • Oreo cookie ၃ခုခန့် (ခြေထားပါ)
  • Whipping cream ၆၅ ဂရမ်
  • Gelatin powder လက်ဖက်ရည်ဇွန်း ၁ ဇွန်းလျောလျော့ နဲ့ ရေ စားပွဲဇွန်း ၁ ဇွန်း (ရောပြီး မိုကခရိုဝေ့ဖ်မှာ အပူပေးထားပါ)


ပြင်ဆင်နည်း

  • ပထဆုံး ခရင်မ်ချိစ်နဲ့ သကြားကို သမအောင်ရောမွှေလိုက်ပါ
  • နွားနို့ကိုရောပြီး သမအောင်ထပ်မွှေပါ
  • အပူပေးပြီးသား Gelatin powder နဲ့ရေ အရောကို ထည့်မွှေပေးပါ
  • Whip cream ကို whip လုပ်ပြီး မုန့်နှစ်ထဲရောထည့်ပါ
  • ရလာတဲ့မုန့်သားကို ၂ ခွက်ခွဲလိုက်ပါ
  • ပထမတစ်ခွက်ထဲကို ပျားရည်နဲ့ ဗနီလာထည့်ပြီး နောက်တစ်ခွက်ထဲကို ခြေထားပြီးသား Oreo လေးတွေထည့်ပါ
  • ဒါဆိုရင်တော့ ချိစ်ကိတ်ကို စပြီးပြင်ဆင်လို့ရပါပြီ
  • ခုနကအသင့်ပြင်ထားတဲ့ခွက်လေးတွေထဲ ကို ရိုးရိုးမုန့်နှစ်ကို တစ်ဝက်ထည့်ပေးပါ။ နောက်မှ oreo မုန့်နှစ်အပေါ်ကလောင်းပြီးမျက်နှာပြင် ညှိပါ။ နောက်ဆုံးမှ Oreo မှုန့်လေးတွေ ထပ်ဖြူးပါ
  • ရေခဲသေတ္တာထဲမှာ ၃ နာရီလောက်ထည့်ပြီးရင်တော့ အရသာရှိတဲ့ Oreo cheese cake လေးတွေ အသင့်ဖြစ်နေပါပြီ