![]() |
Photo courtesy of Google image |
![]() |
Photo courtesy of Google image |
ခုနောက်ပိုင်းမှာ
လူအများစုဟာ အကြောင်းအမျိုးမျိုးကြောင့် အလွယ်တကူရနိုင်တဲ့ Junk Food တွေ
Processed Food တွေကို ပိုပြီး အစားများလာကြတာကို သတိထားမိကြမှာပါ။ တစ်ချို့ကလည်း အလွယ်တကူရလို့
စားကြသလို တစ်ချို့ကတော့ ကြိုက်လို့ စသဖြင့် အကြောင်းအရာ အမျိုးမျိုးကြောင့် စားသုံးကြတာပါပဲ။
သေချာတာကတော့ အချိန်ရှားတဲ့ ခုခေတ်မှာ ချက်ပြုတ်စားတာနဲ့ စာရင် ဒီလိုအစားအသောက်တွေက
လွယ်ကူနေတော့ လူတွေအကြိုက်ဖြစ်လာတော့တာပါပဲ။ ပထမဆုံး Junk Food ဆိုတာကဘာလဲ၊
Processed Food ဆိုတာနဲ့ရော ဘယ်လိုကွာခြားလဲကို ကြည့်ကြရအောင်။
Junk Food ဆိုတာကတော့ အာဟာရဓာတ်ပါဝင်မှု နဲပြီး ကျန်းမာရေးအတွက် မသင့်တော်တဲ့ အဆီ၊ဆားဓတ်၊ သကြားဓတ်တွေ ကယ်လိုရီအများအပြား ပါဝင်တဲ့ အစားအသောက်တွေအားလုံးကိုခေါ်တာပါပဲ။ သရေစာတွေဖြစ်တဲ့ အာလူးကြော်၊ သကြားလုံး၊ အချိုပွဲတွေ၊ ဟမ်ဘာဂါတွေ အားလုံးဟာ Junk Food စာရင်းထဲမှာပါပါတယ်။ ဒီလိုအစားအသောက်တွေကို တစ်ခါတစ်လေ စားသောက်ခြင်းဟာ ကျန်းမာရေးကို မထိခိုက်စေပေမယ့် အမြဲတမ်းနှစ်ခြိုက်စွာ စားသုံးနေမယ်ဆိုရင်တော့ ရေရည်မှာ ကျန်းမာရေးအတွက် ဆိုးကျိုးပေးမှာကတော့ အသေအချာပါပါ၊
နောက်တစ်ခုက Processed food - သူ့နာမည်အတိုင်း အစားအသောက်တွေကို Chemical တွေသုံးပြီး ပုံပြောင်းပစ်လိုက်တာ။ အထားခံအောင်လည်း ဆေးတွေထည့်ရသလို သကြားတို့ ဆားတို့လည်း အများကြီးပါဝင်ပါတယ်။ သကြားတို့ ဆားတို့ကလည်း အစားအသောက်ကိုတာရှည်ခံစေတဲ့ ဂုဏ်သတ္တိတွေပါပါတယ်။ အထူးသဖြင့် canned ဗူးတွေ။ ကြာခံအောင်လုပ်ပြီး ရေခဲရိုက်ထားတဲ့ဟာတွေပေါ့။ အနီးစပ်ဆုံး ဥပမာပေးရရင်တော့ Chicken nugget လေးတွေ။

Food processing မှာလည်း ကောင်းတဲ့အချက်တွေရှိသလို ဆိုးတာတွေလည်း အများကြီးပါပဲ။ ကောင်းတာကတော့ ကမ္ဘာအရပ်ရပ်က အစားအသောက်တွေကို လူတွေမြည်းစမ်းကြည့်ခွင့်ရှိလာတယ်။ ကမ္ဘာ့အနောက်ခြမ်းမှာထုတ်လုပ်ပြီး အရှေ့တိုင်းမှာစားသုံးတယ် ဆိုတာမျိုးတွေရှိလာတယ်။ အစားအသောက်တွေ တာရှည်ခံသလို စားချင့်စဖွယ်ပုံလေးတွေနဲ့ ထုတ်လုပ်တော့ လူတွေအများစုစိတ်ဝင်စားကြတယ်။ အချိန်ရှားတဲ့ လူနေမှုစနစ်အတွက် အများကြီး အထောက်အကူပြုတယ် စသဖြင့်ပေါ့။ ဆိုးတဲ့အချက်ကတော့ ကျန်မာရေးအတွက်ပါပဲ။ လူတွေက အဲဒါတွေစားလို့ အ၀လွန်ရောဂါတွေ ဖြစ်တယ်။ မကောင်းတဲ့ အဆီဓာတ်တွေပါတဲ့အတွက် နှလုံး၊ သွေးတိုးနဲ့ ဆီးချိုရောဂါတွေ ဖြစ်စေတယ်။ အများကြီးပဲနော်။
အဲဒါတွေကို မသိတဲ့သူတွေရှိသလို သိတဲ့လူတွေကလည်း သိသိနဲ့ နှစ်ခြိုက်စွာစားနေကြတုံးပါပဲ။ ဘာလို့လဲဆိုတော့ သူတို့ကို ဘယ်လိုထုတ်လုပ်တယ် ဆိုတဲ့ပုံကို ကျွန်မတို့ သေချာမှ မမြင်ရပဲကိုး။ မကောင်းတဲ့အချက်တွေကလည်း ရေးပြယုံနဲ့တော့ ကိုယ်တိုင်ခံစားရတာမဟုတ်လေတော့ မကြောက်ရေးချမကြောက်ဆိုသလိုပေါ့။ အဲဒါကြောင့် processed food ဘယ်လိုထုတ်လုပ်သလဲဆိုတာကို ဖတ်ရမှတ်ရသလောက် ပုံလေးတွေရှာပြီး တင်ပေးလိုက်ပါတယ်
ကျွန်မတို့နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ Chicken Nugget လေးတွေဘယ်လို ထုတ်လုပ်သလဲဆိုတာကို ကြည့်ကြရအောင်။ ပထဆုံး ကြက်သားကို စားလို့ရတဲ့ အပိုင်းတွေကို ဖယ်ထုတ်လိုက်ပြီး ကျန်တဲ့ အရိုးတွေအရွတ်တွေ အားလုံးကို ကြိတ်လိုက်တဲ့ အခါမှာ ဒီလိုထွက်လာပါတယ်။
![]() |
Photo courtesy of Google image |
အဲဒါကိုမှ ဂျုံ။ အထားခံတဲ့ ပစ္စည်းတစ်ချို့နဲ့ ပေါင်းပြီး nugget လေးတွေဖြစ်အောင် ပုံသွင်းလိုက်ပြီးရင် ကျွန်မတို့စားသုံးသူတွေဆီကို ရောက်လာတာပါပဲ။
![]() |
Photo courtesy of Google image |
ဒါကို ကြည့်ခြင်းအားဖြင့်
ကျွန်မတို့ ၀ယ်စားနေတဲ့ nugget တွေဟာ ကြက်အရိုးအရွတ်အရေခွံတွေသာပါတဲ့ အစားအစာတွေဆိုတာပါပဲ။
အဲဒီတော့ ဘယ်မှာလဲ အာဟာရဓာတ်တွေ၊ လူ့အတွက် အကျိုးပြုပစ္စည်းတွေ။ နောက်တစ်ခုက
Luncheon meat လို့ခေါ်တဲ့ ဗူးထဲက အသားတွေ။ အဲဒါတွေလည်း ထိုနည်း၎င်းပဲနော်။
ဒီလို Processed food တွေကို သတိထားမိအောင် နာမည်ကြီး Chef ဖြစ်တဲ့ Jamie Oliver က Food revolution ဆိုတဲ့အစီအစဉ်ကနေပြီး လူထုကို မီးမောင်းထိုးပြခဲ့ပါသေးတယ်။ Chicken nugget ကိုသူကိုယ်တိုင်လုပ်ပြခဲ့တာပါ။ သူကတော့ အနောက်တိုင်းလူအများစု ဖြစ်နေတဲ့အစားအသောက်လူနေမှုပုံစံအတွက် ရိုက်ပြခဲ့တာပါ။ ဒါကို ကျွန်မတို့ကလည်း သင်ခန်းစာယူသင့်ပါတယ်။ ဗမာအများစုကတော့ အိမ်မှာပဲ ချက်ပြုတ်စားသောက်ကြတာများတဲ့အပြင် အဓိကစားတဲ့ ဗမာအစားအစာကိုယ်တိုင်ကလည်း ဒါမျိုးတွေ သိပ်မပါတဲ့အတွက် တော်သေးတယ်လို့ဆိုရပါမယ်။ ဒါပေမယ့်လည်း ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ processed food တွေကလည်း ဈေးကွက်မှာနေရာယူလာတဲ့အတွက် သတိလေးတော့ ချပ်စေချင်ပါတယ်။ လုံးဝမစားရဘူးရယ်လို့မဟုတ်ပါဘူး။ အဲလိုမျိုးလည်း ထိန်းချုပ်ဖို့ဟာမဖြစ်နိုင်ပါဘူး။ အဓိကကတော့ သတိလေးနဲ့ ထိန်းထိန်းသိမ်းသိမ်းလေး စားကြမယ်ဆိုရင်တော့ ဆိုးကျိုးတွေကို ရှောင်နိုင်ကြမှာပါ။ ဒါ့ကြောင့် Junk food စားချင်ရင်လည်း အကန့်အသတ်ကလေးနဲ့ စား၊ အသီးအရွက်များများစားပြီး ၊ရေများများသောက် ပြီး အားကစားလေ့ကျင့်ခန်းလည်း ယူပေးမယ်ဆိုရင်တော့ ကျန်းမာတဲ့မိသားစုလူနေမှု ဘ၀ပုံစံကိုတည်ဆောက်နိုင်မှာအသေအချာပါပဲ။

Article Ref: The Internet.
3 comments:
Junk Food , Processed Food တွေ နေရာအနှံ့မှာ အစားထိုး ၀င်ရောက်လာတာကို လူတိုင်းသိကြသလို ကျန်းမာရေးရှုထောင့်ကလည်း သိသင့်တယ်။
အလွယ်တကူ စားသုံးနေသူတိုင်း သိသင့်တဲ့အချက်တွေပေါ့ Evy ရေ။
ပညာပေး ဗဟုသုတလေးအတွက် ကျေးဇူးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကိုယ်လည်း ဂျေမီ့အစီအစဉ်ပြတုန်းက ပရောဆက်စ်ဖုဒ် လုပ်တာတွေကြည့်ပြီး စားရမှာပိုတွန့် သွားတယ်။
ကိုယ်တို့ မြန်မာအစားအစာကိုဆီလျှော့အငန်နဲနဲလျှော့ရင်တကယ်တော့တော်တော်ကျန်းမာရေးနဲ့ ညီညွတ်တဲ့ပုံစံပါ။
တို့ စရာအရွက်တွေအသီးတွေကနေတင်တော်တော်အဆင်ပြေနေပြီ။ အသားငါး။ အသီးရွက်ကြော်၊ အသီးရွက်ဟင်းရည်သို့ မဟုတ်ပဲဟင်းရည် အစပ်တမျိုးမျိုးအငံလျှော့နဲ့ တို့ စရာဆို Evy ပြောသလိုသတိလေးနဲ့ ထိန်းထိန်းသိမ်းသိမ်းလေးစားကြရုံပါဘဲနော်။
သတိပေးလို့ ကျေးဇူးပါနော်။
အိုင်အိုရာ
chicken nugget ကိုမစားပေမဲ့ ပဲတို.၊ငါးသေတ္တာတို.တော့
မလွတ်သေးဘူး။ဗဟုသုတတွေအတွက်ကျေးဇူးဘဲနော်။
Post a Comment