ကလေးများအတွက်
သင့်တော်မယ့် မနက်စာကတော့ Quesadilla လို့ခေါ်တဲ့ Tortilla ကိုသုံးပြီး ပြုလုပ်တဲ့
မုန့်တစ်မျိုးပါ။ ချိစ်ကို Filling အဖြစ်အဓိကသုံးပြီး တခြားနှစ်သက်ရာ အသား/ Ham
များကိုလည်း ထည့်ပြီးလုပ်လို့ရပါတယ်။ သူရဲ့မူလ စတင်တဲ့ နေရာကတော့ မက်ဆီကို နိုင်ငံကဖြစ်ပြီး
စပိန်ဘာသာစကားဖြစ်တဲ့ queso ( ချိစ်) နဲ့ Tortilla ကိုပေါင်းထားကာ
Quesadilla ဖြစ်လာရပါတယ်တဲ့။
သိပ်လွယ်ပြီး
အရသာရှိတဲ့ မနက်စာကို ကလေးများသာမက လူကြီးများပါ နှစ်သက်ကြမှာ အသေအချာပါ။
ကျွန်မကတော့ ချိစ်နဲ့ တူနာကိုသုံးပြီးပြုလုပ်ထားပါတယ်