Tuesday, June 18, 2013

Strawberry Tart





လက်ဖက်ရည်ချိန်အတွက် အသင့်တော်ဆုံး ဖြစ်မယ်ထင်တဲ့ မုန့်လုပ်နည်းတစ်မျိုးကို လုပ်ပြချင်ပါတယ်။ အဲဒါကတော့ Strawberry Tart ပါ။ custard ချိုချိုလေးမှာ စတော်ဘယ်ရီ အရသာလေးနဲ့ သိပ်လိုက်ပါတယ်။ မအီပဲနဲ့ စားကောင်းတာမို့ သဘောကျကြမှာ အသေအချာပါ။ လုပ်နည်းလေးကလည်း လွယ်ကူတာကြောင့် ခဏခဏလုပ်စားဖြစ်မယ့် မုန့်လေးတစ်မျိုးပါပဲ

ပါဝင်ပစ္စည်းများ

ဂျုံသားအတွက်
  • ဂျုံ ၂၅၀ဂရမ်
  • icing sugar -  ၅၀ ဂရမ်
  • ထောပတ် ၁၂၀ ဂရမ်
  • ကြက်ဥ အနှစ် ၁ခု
လုပ်နည်း
  1. ဂျုံနဲ့ သကြားမှုန့်ကို ရောမွှေထားပြီး ထောပတ်နဲ့ နယ်ပေးပါ။ 
  2. ပုံမှာ ပြထားသလို အဖတ်အဖတ်ကလေးတွေ ဖြစ်လာပြီဆိုရင် ကြက်ဥအနှစ် ၁ ခုကိုရောမွှေပြီး ဂျုံအလုံးဖြစ်အောင် လုံးထားပါ။ 
  3. ပြီးရင် ရေခဲသေတ္တာထဲမှာ ၁၀ မိနစ်လောက်ထားပေးပါ။ ပြီးရင် 1/2 စင်တီမီတာ လောက်အထူအပြားရအောင် ဆီစိမ်စက္ကူ ၂ခုကြားမှာ ဒလိမ့်တုံးနဲ့ လှိမ့်ပေးပါ။
  4. မုန့်ဖုတ်မယ့် ခွက်ကလေးထက်နဲနဲကြီးကြီးအောင် ဖြတ်ပေးပြီး ခွက်ကလေးတွေထဲကို အသာအယာဖိသိပ်ပေးပါ။ ခွက်အောက်ခြေကို ခက်ရင်းလေးနဲ့ ၃ ချက်လောက်ထိုးပေးပါ။ ဒါဆိုရင် မုန့်ဖုတ်မယ့် ခွက်ကလေးတွေ အသင့်ဖြစ်နေပါပြီ။
  5. နောက် ၁၇၀ ဒီဂရီ အပူပေးထားတဲ့ Oven မှာ ၁၅ မိနစ်လောက်ဖုတ်ပေးပြီး အအေးခံပေးထားပါ




Pastry Cream ပြင်ဆင်ခြင်း
  • ကြက်ဥအနှစ် ၄ခု
  • ပြောင်းကော်မှုန့် - ၃၂ ဂရမ်
  • သကြား - ၁၂၀ ဂရမ်
  • နွားနို့ ၃၅၀ မီလီလီတာ
  • ထောပတ် စားပွဲဇွန်း ၂ ဇွန်း
  • ဆား - ပါရုံမျှ
  • ဗနီလာ အနံ့ လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်နည်း
  • ပြောင်းကော်မှုန် နဲ့ သကြား ၄၀ ဂရမ်ကို ရောမွှေပေးပြီး နွားနို့ ၁၅၀ မီလီလီတာကို ထည့်မွှေပါ။ ကြက်ဥများကိုလည်း သမအောင်ရောခေါက်ပေးပါ

  • ကျန်နို့များနဲ့ သကြားများကို ဆူအောင်တည်ပေး ပြီး ပထမအဆင့်မှာပါတဲ့ ကြက်ဥ၊နွားနို့ အရောထဲကို ဖြည်းဖြည်းခြင်းလောင်းထည့်ပေးပါ။ လောင်းနေရင်းက အဆက်မပြတ် မွှေပေးနေရပါမယ်
  • သမသွားရင် မီးပေါ်မှာပြန်တည်ပြီး ပြစ်လာအောင်မွှေပြီး အအေးခံပါ။ ဒါဆိုရင် pastry cream ရပါပြီ

  • ရလာတဲ့ cream များကို ခုနက အသင့်ပြုလုပ်ထားတဲ့ မုန့်သားလေးတွေပေါ်မှာတင်ကာ စတော်ဘယ်ရီသီးများ စီထည့်ပြီးရင် သုံးဆောင်နိုင်ပါပြီ
.

1 comment:

Sandar said...

Eve,
I like it so much. I will try to bake it.
Thanks for your recipe.
With best wishes..