Tuesday, June 25, 2013

လွယ်ကူမြန်ဆန်တဲ့ Quesadilla




ကလေးများအတွက် သင့်တော်မယ့် မနက်စာကတော့ Quesadilla လို့ခေါ်တဲ့ Tortilla ကိုသုံးပြီး ပြုလုပ်တဲ့ မုန့်တစ်မျိုးပါ။ ချိစ်ကို Filling အဖြစ်အဓိကသုံးပြီး တခြားနှစ်သက်ရာ အသား/ Ham များကိုလည်း ထည့်ပြီးလုပ်လို့ရပါတယ်။ သူရဲ့မူလ စတင်တဲ့ နေရာကတော့ မက်ဆီကို နိုင်ငံကဖြစ်ပြီး စပိန်ဘာသာစကားဖြစ်တဲ့ queso ( ချိစ်) နဲ့ Tortilla ကိုပေါင်းထားကာ Quesadilla  ဖြစ်လာရပါတယ်တဲ့။
သိပ်လွယ်ပြီး အရသာရှိတဲ့ မနက်စာကို ကလေးများသာမက လူကြီးများပါ နှစ်သက်ကြမှာ အသေအချာပါ။ ကျွန်မကတော့ ချိစ်နဲ့ တူနာကိုသုံးပြီးပြုလုပ်ထားပါတယ်

 
ပါဝင်ပစ္စည်းများ
Tortilla (နှစ်သက်သလောက်)
ချိစ် (Tortilla တစ်ခု ချိစ်တစ်ပြားနှုန်း)
တူနာမရိုးနိစ် (Tortilla တစ်ခု တူနာမရိုးနိစ်တစ်ဇွန်း)


ပြင်ဆင်နည်း
ပထမဆုံး Tortilla ကိုမီးပေါ်မှာ တစ်မိနစ် တစ်ဖက်ခန့်စီအပူပေးပါ။
မီးပေါ်ဆက်တင်ပြီး ချိစ်၊တူနာ အဆာများထည့်ကာ ပုံပါအတိုင်း ခေါက်ချိုးချိုးပါ
နောက်ထပ် တစ်ဖက်ကို ၂ မိနစ်ခန့်စီ ထပ်ကင်ပြီးရင်သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ

3 comments:

Unknown said...

Tortilla ဆိုတာဘယ်မှာ ၀ယ်ရနိုင်မလဲဟင်? ကျေးဇူးပါ မရေ ...ခုလို လွယ်ကူအရသာရှိတဲ. မနက်စာလေးကိုရှယ်ပေးတဲ. အအတွက် ...I like Tuna & cheese much!! This would be my favorite one of Breakfast ^^

Cameron said...

မနေ့တုန်းကမှ အဲဒီ tortilla လိုမုန့်ချပ်လေးကို ဂျုံကြက်ဥနဲ့ဖျော်ပြီး blue berry ယိုလေးနဲ့စားဖြစ်သေးတယ်...။ တူနာတစ်ဗူးရှိတယ် အဲဒါမျိုးလေးလုပ်စားကြည့်မယ် ကျေးဇူး ညီမ နည်းလေးအတွက်..။

Evy said...

Market Place မှာဝယ်လို့ရတယ်လို့ ပြောကြပါတယ် ညီမရေ Cherry Cho