ဒီတစ်ခါတော့ ကလေးမုန့်အလှည့်ပေါ့။ တစ်လမှာ ကလေးတွေအတွက် မုန့် ၂ ခု ဝေစုကျပါတယ် :D
ဒါလေးကတော့ မရွေးနဲ့ ဆင်တူတဲ့ မုန့်လေးပေါ့။ ဒီမုန့်လေးအတွက်
ဆန်လှော်အကြွပ် (rice crispy ) နဲ့ Marsh mallow ကိုသုံးပြထားပါတယ်။ Marsh
mallow ဆိုတာကလည်း ကလေးများအကြိုက်မို့ သူနဲ့လုပ်ထားတဲ့ မုန့်လေးကိုလဲ
ကြိုက်ကြမှာ အသေအချာပါ။
ပါဝင်ပစ္စည်းများ
- rice crispy - 4 cups
- marsh mallow - 3 cups
- ထောပတ် - ၃၀ ဂရမ်
ပြုလုပ်နည်း
- ပထမဆုံး ထောပတ်ကို မိုက်ခရိုဝေ့ဖ်ထဲမှာ ၁ မိနစ်ခန့်အပူပေးပြီး ပျော်အောင်လုပ်ပါ။ ထောပတ်ပျော်တာနဲ့ marsh mallow များကို ထည့်ပြီး ၂ မိနစ်ခန့်ထပ်အပူပေးလိုက်ပါ
- marsh mallow များလဲ ပျော်လာပြီဆိုရင် rice crispy များကို ရောထည့်ပြီး သမအောင်မွှေက ဗန်းထဲကို ဖိသိပ်ထည့်ပေးပါ။ လက်ကို ဆီဆွတ်ကာ ဖိထည့်ပေးရပါမယ်။
- သကြားခဲရောင်စုံလေးများနဲ့ အလှဆင်ပြီး ၂ နာရီလောက် ခဲထားပြီးရင် နှစ်သက်ရာပုံလှီးကာ သုံးဆောင်နိုင်ပါပြီ။ (ရေခဲသေတ္တာထဲ ထည့်ရန်မလိုပါ)
3 comments:
လုပ်နည်းလေးသိသွားတော့လဲ အလွယ်သားနော်
ဒါလေး မိုက်တယ်... လုပ်စားမယ်...
(ကလေးတယောက် သွားရည်ကျပြီး ပြန်သွား...)
ကလေးမုန့်ကို လူကြီးလဲအားကြီးကြိုက် :)
နည်းလေးယူသွားတယ် Evy ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment