Wednesday, June 16, 2010

Terrarium


အလှစိုက် အပင်လေးတွေကို ပုလင်းထဲထည့်ထားတာပါ။ Terrarium လို့လဲ ခေါ်ကြပါတယ်။ အိမ်အလှဆင်နည်းတစ်မျိုးပေါ့။ စိတ်ထဲမှာ Terrarium လုပ်ချင်နေတာကြာပါပြီ။ ပစ္စည်းလေးတွေ မပြည့်စုံသေးတာနဲ့ ခုမှဘဲလုပ်ဖြစ်ပါတော့တယ်။

အပင်လေးတွေစိုက်ရတာ စိတ်ချမ်းသာပါတယ်။ တနေ့တနေ့ အပင်လေးတွေကို ကြည့်ပြီး စိတ်ကြည်နူးမှုကို ကြံဖန်ရှာယူရပါတယ်။ စိတ်လဲချမ်းသာ အိမ်လဲ အလှဆင်ပြီးသားဖြစ်တာပေါ့နော်။ အိမ်မှာက Fittonia အနီရောင်ပဲရှိတာမို့ အဖြူတစ်ပင်ကို ဒီနေ့မှထပ်ဝယ်လာတာပါ။

လုပ်နည်းကလည်းလွယ်လွယ်လေးပါ။ ပထမဆုံး ပုလင်း အလွတ်တစ်ခုထဲကို ကျောက်စရစ်ခဲလေးတွေ ထည့်။ ပြီးရင်မြေကြီးထည့် ၊ရေနည်းနည်းလောင်းထည့်။ (အညွှန်းထဲမှာတော့ မီးသွေးခဲ နဲနဲ ထည့် ရတယ်လို့ ဆိုပါတယ်၊ မထည့်လည်းဖြစ်တယ် optional ဆိုတာနဲ့ ချန်ထားခဲ့တယ်) ။ ပြီးရင် အပင် သေးသေးလေးတွေ ကိုစိုက်။ နောက်ဆုံးမှာ ကျောက်ခဲလေးတွေထည့်လိုက်ရင် အလှဆင်ပြီးသားဖြစ်သွားပါပြီ။ အရုပ်သေးသေးလေးတွေ ထည့်ရင်လဲ လှပါတယ်။ ရုံးမှာဘဲထားထား၊ အိမ်မှာပဲ ထားထား၊ ဒါမှမဟုတ် သူငယ်ချင်းတွေကို လက်ဆောင်ပေးရင်လဲ လှတဲ့ Terrarium လေးပါနော်။


ဒါလေးတွေက အဖုံးမဖုံးခင် အပေါ်ကမြင်ရတဲ့ ပုံလေးတွေပါ။



1 comment: