Recipe
- All purpose flour 60g
- 2 Eggs
- water 36g
- Cocoa 11g
- Baking powder 1g
- Milk powder 4g
- Sugar 65g
- Margarine 18g (melted)
Method
- ထောပတ်နဲ့ Cocoa ကို ရောမွှေထားပါ
- ရေနဲ့ နို့မှုန့်ကို ရောဖျော်ထားပါ။
- Flour/ Baking powder ကိုဇကာချထားပါ။
- ကြက်ဥ နဲ့ သကြားကို ribbon like stage ဖြစ်တဲ့ အထိစက်နဲ့မွှေပါ
- နို့နဲ့ flour mixture (၄) ထည့်ပေးပါ၊ သမအောင် ဖြေးဖြေးမွှေပါ။ အရမ်းမွှေလို့မရပါ။
- နံပါတ် ၅ ရဲ့ တ၀က်ကို နံပါတ် (၁)ထဲထည့်ပြီး သမအောင် မွှေပေးပါ။ ပြီးမှကျန်တာကို ဆက်ထည့်ပြီးမွှေပါ။
- ရလာတဲ့ မုန့်နှစ်ကို မုန့်ဖုတ်ခွက်ထဲထည့် ၊ ၁၇၀ ဒီဂရီ oven မှာ ၂၅ မိနစ်ကြာအောင်ဖုတ်ပေးပါ။ ပြီးရင် အအေးခံပါ။
မုန့်အအေးခံတုန်း cream နဲ့ dark pitted cherry ကိုပြင်ပါမယ်။
- Dark pitted cherry ဗူးတ၀က်ကို syrup နဲ့အတူ မီးပေါ်မှာ ၁၅ မိနစ်ကျိုပေးပါ။ ပြီးရင် အအေးခံပြီး modified startch ၁ ဇွန်းလောက်ရောမွှေပေးလိုက်ပါ။
- မွှေစက်ထဲမှာ non dairy whipping cream 1 cup ကို ထည့်ပြီး cream ဖြစ်တဲ့အထိမွှေပေးပါ။ ၅ မိနစ် လောက်ကြာပါမယ်။
မုန့်ပြင်ဆင်ခြင်း
- အအေးခံပြီးသားကိတ်ကို horizontally တ၀က်ဝက်လိုက်ပါ။
- ပထမဆုံးအလွှာကို မုန့်တင်တဲ့ board ပေါ်မှာတင်
- ပြီးရင် Sugar Syrup ( 1 tbsp of sugar & 2 tbsp of water , boiled and leave it to cool) ကို စုတ်တံလေးနဲ့ ပထမအလွှာပေါ်သုတ်ပေးပါ
- ပြီးရင် cream ထည့်။ dark pitted cherry ထည့် ၊ cream ထပ်ထည့် ၊ မျက်နှာပြင်ညှိ
- နောက်ကိတ်တလွှာခင်း။ sugar syrup ထပ်သုတ်။ ပြီးမှ Cream ကို ကိတ်တစ်ခုလုံးဖုံးအောင် သုတ်ပြီး မျက်နှာပြင် ညှိပေးပါ။
- ပြီးမှ Choco rice ၊ အသီးခြောက်တွေနဲ့ အလှဆင်ပါ
- မစားခင်ရေခဲသေတ္တာထဲမှာ ၂ နာရီ အနည်းဆုံးထားပေးပါ။
4 comments:
Evy, the cake is beautiful :)
Thanks Jess
Milk Powder နဲ့ ရေ အစား fresh milk ကို သုံးလို့ရပါသလား Evy ရေ
ရပါတယ် မယုယုစံ။ အိမ်မှာက နို့မှုန့်ရှိနေတာနဲ့ အဲဒါသုံးဖြစ်သွားတာ
Post a Comment