ကညွတ်ကြော် အစပ် (Balacan Asparagus)
ဒါ TTSweet ရဲ့ကြော်နည်းနဲ့ ကြော်ထားတဲ့ကညွတ်ကြော်ပါ။ အိမ်မှာအရမ်းကြိုက်ကြပါတယ်။ ငါးပိနဲ့ခပ်စပ်စပ်လေးမို့လို့ ဗမာပါးစပ်နဲ့တော့ အတော့်ကိုအဆင်ပြေနေတာပါ။
- -ကြက်သွန်ဖြူ ၄မွှာ
- -ကြက်သွန်နီအရွယ်တော်တစ်လုံး
- -ပုဇွန်ခြောက်မှုန့် ၂ဇွန်း
- -ခရုဆီ ၁ဇွန်း
- -သကြားအနည်းငယ်
- -ငါးပိ လက်ဘက်ရည် ဇွန်း၁ဇွန်း
- -ငရုပ်သီးစိမ်းတစ်တောင့်
- -အရောင်တင်မှုန့် လက်ဘက်ရည် ဇွန်း၁ဇွန်း
အဲဒီ ပစ္စည်းတွေကို blender ထဲမှာကြိတ်။ ကညွတ်ကို အပိုင်းပိုင်လေးတွေဖြတ်ပြီး နဲနဲထုထား၊ ဆီပူအောင်တည် (စားပွဲဇွန်း၁ဇွန်းဆိုရပါပြီ)။ ပြီးရင်ကြိတ်ထားတာလေးတွေဆီသတ်ပါ။ ၂ မိနစ်လောက်နေရင် ကညွတ်ထည့် ရေနဲနဲထည့်ပြီး အဖုံးအုပ်ထားပါ။ အပေါ့အငံမြည်း၊ကညွတ်နူးရင်စားလို့ရပါပြီ။ ထမင်းဖြူလေးနဲ့စားရင်လည်း အရမ်းစားကောင်းပါတယ်။
Ingredients
- 1 packet of asparagus
- 3 cloves of garlic
- 1 red onion, 1 red chili
- 1 Tbsp of dry shrimps
- 1 Tbsp of oyster sacue
- 1 tsp of Balacan paste
- 1 tsp of chili powder
- a pinch of sugar
Method
- Chop asparagus into small pieces , set aside.
- Using blender, blend all the rest of ingredients
- Heat 1 Tbsp of oil in the pan and fry the mixed ingredients for 1-2 mins.
- Add the chopped asparagus, cover with the lid and cook for about 2mins. Stir occasionally.
- Add in 1/4 cup of water and cook for another 2-3 mins.
- Dish out and ready to serve. Enjoy!
1 comment:
လုပ်စားကြည့်မယ်..
ကျေးဇူးနော်..။
Post a Comment