Wednesday, September 21, 2011

ညနေစာ အာလူးမီးဖုတ်


တစ်နေ့သူငယ်ချင်းအိမ်က အပြန်မောလ်မှာ လျောက်မွှေရင်းနဲ့ စာအုပ်တစ်အုပ်ရလာပါတယ်။ ထုံးစံအတိုင်း အစားအသောက် လုပ်နည်းစာအုပ်ပေါ့။ တခြားစာအုပ်သာ မဖတ်ရှိမယ် အစားအသောက်စာအုပ်ကတော့ စာအုပ်ဆိုင်ရောက်တိုင်း လိုက်ကြည့်ရတာအမော။ အဲဒါနဲ့ လိုက်ကြည့်ရင်း ကြိုက်တဲ့ စာအုပ်သေးသေးလေး တစ်အုပ်ရလာရော။ bake လုပ်နည်း အမျိုးပေါင်း ၃၅ မျိုးပါတဲ့ စာအုပ်လေး။ (အဲလို သေးသေးလေးတွကို သဘောကျလို့ ၀ယ်ဖြစ်တာ ၃၊ ၄ အုပ်ရှိနေပြီ) အဲဒီထဲမှာ အစားအသောက်လုပ်နည်း အဆန်းလေးတွေ မျိုးစုံပါတယ်။ အဲဒီနည်းမျိုးစုံထဲကမှ လုပ်လို့လဲ လွယ်မယ်ထင်တဲ့ ၊ အိမ်မှာရှိတဲ့ ဟာတွေနဲ့ပဲ လုပ်လို့ရမယ်လို့ ထင်တာလေးကို ရွေးလုပ်လိုက်ပါတယ်။ အဲဒီနေ့ dinner ပေါ့။ အာလူး၁လုံးထဲမို့ အထင်မသေးနဲ့နော်။ တော်တော် အီဆိမ့်ပြီး ဗိုက်ကိုဝ သွားတာပါဘဲ။ စမ်းကြည့်နိုင်အောင် လုပ်နည်း ရေးပေးလိုက်ပါတယ်။

  • အာလူး ၂လုံး ကို ၂၀၀ ဒီဂရီ မှာ နာရီဝက်ကင်ထားပြီး အအေးခံထားပါ
  • ပန်းငရုပ်ပွ (အနီ၊ အ၀ါ) နည်းနည်းကို သေးသေးလှီးထား
  • နံနံပင်ကိုလည်း ကပ်ကျေးနဲ့ ညှပ်ထား
  • တူနာဗူးတစ်ဝက်၊ sour cream စားပွဲဇွန်း ၂ ဇွန်း၊ မရိုးနိစ် ၂ ဇွန်းနဲ့၊ thousand island dressing ၂ ဇွန်း ၊ဆားအနည်းငယ်ကို ရောမွှေထားပါ


  • ပြီးရင် အာလူးကို နဲနဲဖြတ်ထုတ်ပြီး အထဲကအသားတွေကို ဇွန်းနဲ့ ခြစ်ယူပေးပါ။ အခွံ မကွဲအောင် ဂရုစိုက်ပေးပါ
  • အဲဒီအာလူးအသားကို ခုနက အဆာပလာအားလုံးနဲ့ ရောနယ်ပေးပြီး အာလူးခွံထဲ ပြန်သိပ်ထည့်ပေးပါ
  • ချိစ်လေးနဲနဲ ဖြူးပြီး ၁၉၀ ဒီဂရီမှာ ၄ မိနစ်လောက်ကင်လောက်ရင် စားဖို့ အသင့်ဖြစ်ပါပြီ


5 comments:

Cameron said...

စားချင်စရာလေးပဲ.... လုပ်စားကြည့်ဦးမယ် မျှဝေပေးတဲ့အတွက် ကျေးဇူးနော်...။

ခင်တဲ့
မိုးငွေ့

Baby taster said...

မွေးနေ့ဆုတောင်း အတွက် ကျေးဇူးပါ
အာလူးခဲဖုတ်တော့ စားဖူးတယ်။
ဒါလေးက ပို စားကောင်းမှာနော် အစာတွေက နှစ်နေတော့း) အီစိမ့်သွားမယ်ထင်တယ်း)

သက်ဝေ said...

အိုး... အဲဒါ မိုက်တယ်...
လုပ်စားကြည့်မယ်... ကျေးဇူး..

Aunty Oo said...

စားချင်လိုက်တာ၊။ကလေးတွေကိုလုပ်ကျွေးဦးမယ်။
ကျေးဇူးဘဲနော်။

မီးမီးငယ် said...

စားချင်စရာလေး။
ဒီလိုမျိုး ဂျာမဏီမှာစားဖူးတယ်။
သူတို့ ကအသားထဲရော၊
ထဲ့ထားတယ်နဲ့ တူတယ်။
အပေါ်ကိုအဲဒီလောက်မောက်မနေဘူး။
အားလူးတတုံးကို တထွာကျော်လောက်ရှိတယ်။
မEVY..တော်လိုက်တာ၊
စောစောစီးစီး မနက်စာအတွက်စားသွားပြီနော်။