Sunday, February 26, 2012

ဖက်ထုပ်ပေါင်း

 ဒါကတော့ ရန်ကုန်ဖက်ထုပ်ပေါင်းကို စားချင်လွန်းလို့ အိမ်မှာ စမ်းထားသောဖက်ထုပ်ပေါင်းပါ။ တခြားနေရာက ဖက်ထုပ်ပေါင်းကတော့ ဘယ်လိုမျိုးလဲမသိဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ရန်ကုန်ပြန်တုန်းက စကော့ဈေးမှာ သွားစားလာတဲ့ ဖက်ထုပ်ပေါင်းကို သဘောကျလို့ အဲဒီပုံအတိုင်း လုပ်ကြည့်လိုက်တာ။ စားလို့တော်တော်ကောင်းပါတယ်။ 

ဖက်ထုပ်လုပ်ရန် (သိပြီးသားဖြစ်မှာပါ။ အရင်တုန်းက ကြက်သားပေါင်း လုပ်တဲ့ နည်းနဲ့ ခပ်ဆင်ဆင်ပါဘဲ)
  • ကြက်ရင်ပုံ အသား ၂ ခု (နုတ်နုတ်စဉ်းထား)
  • ကြက်ဥအကာ ၁ ခု
  • မှိုခြောက် ၂ ခု (ရေစိမ် နုနုတ်စဉ်းထား)
  • ဆန်ဝိုင် လက်ဖက်ရည် ၂ ဇွန်း
  • ကော်မှုန့် လက်ဖက်ရည် ၁ ဇွန်း
  • ဆား လက်ဖက်ရည် ၁ ဇွန်း
  • အချိုမှုန့်အနည်းငယ်
  • သကြားအနည်းငယ်
  • ငရုပ်ကောင်းအနည်းငယ်
  • နှမ်းဆီ  လက်ဖက်ရည် ၂ ဇွန်း

အဲဒါတွေအားလုံးရောနယ်ထားလိုက်ပါ။
ပြီးရင် ဖက်ထုပ်လုပ်တဲ့ ဖက်ကလေးတွေနဲ့ တစ်ခုချင်းစီ သေချာထုပ်ပါ။
 ဒါဆိုရပြီ။
ပုံမှာပါတဲ့ ကြက်သားအတွက်ကတော့ pressure cooker မှာ ကြက်ပေါင် ၁ ခုကို ပဲငံပျာရည် အကြည်၊ အနောက်၊ နှမ်းဆီ၊ ငရုပ်ကောင်း နဲနဲ နဲ့ မိနစ် ၂၀လောက်ပေါင်းထားလိုက်ပါတယ်။ ဖက်ထုပ်တွေကိုလည်း ရေနဲနဲဖြန်းပြီး ၁၅ မိနစ်လောက်ပေါင်းပေးပါ။ ဒါမှ မဟုတ်လဲ ရေနွေးဆူဆူထဲ ၅ မိနစ်လောက်ပြုတ်လိုက်ပါ။ 

ပွဲပြင်တော့မယ်ဆိုရင် ကြက်သားကို အလည်မှာထည့်  ကြက်သားပေါင်းထဲက ဆီ၊ရေ လေးတွေထည့် ဘေးမှာ ခုနက ပြုတ်ထားတဲ့ ဖက်ထုပ်လေးကိုထည့်ပြီး  ကြက်သွန်မိတ်၊ ကြက်သွန်နီကြော်လေးဖြူးလိုက်ရင် ရပါပြီး နှမ်းဆီနံ့မွေးမွေးလေးနဲ့ စားလို့ကောင်းပါတယ်



5 comments:

လုလု said...

စားဦးမှာ့ 
အရမ်းကိုပဲ စားချင်ပါအိ့ 
အခုလည်း ဗိုက်ဆာနေပါပြီ့ 
ရုံးမှာမို့ စားစရာမရှိ ဖြစ်နေတာ ဒီပုံကိုပဲ ကြည့်ပြီး သွားရည်ကျရပါတယ်ကွယ့့် 

စံပယ်ချို said...

စားချင်လိုက်တာဟယ်
ဖက်ထုပ်ဆိုရင်အရမ်းကိုကြိုက်တယ်
အားတဲ့အခါလုပ်စားဖြစ်မှ ထပ်ပြီးလာဖတ်မယ်
ခင်မင်တဲ့ jasmine

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖက်ထုပ်ကြော်ရော ဖက်ထုပ်ပေါင်းရော ဘယ်လိုကြိုက်မှန်းမသိဘူး
အရမ်းကြိုက်တာ
ခုလည်း လုပ်ထားတာလေးကြည့်ပြီး သွားရည်တောင် ကျသွားချင်တယ်.. Evy ရေ..
စားချင်စရာလေး..

Cameron said...

ဖက်ထုပ်ဆို အိုးကပ်ကြော်လဲကြိုက်တယ် အပေါင်းလဲကြိုက်တယ်...။

Unknown said...

Evy ရေ- ပုံလေးကိုပဲကြည့်ရတာတောင် လုပ်ထားတာလေးကောင်းလွန်းလို. အနံအရသာတွေကိုကိုယ်တိုင်စားရသလို ခံစားရတယ်....း)