Sunday, March 25, 2012

အနောက်အတိုင်းအစားအစာ လုပ်စားကြမယ် - Chicken Cordon Bleu





ပြီးခဲ့တဲ့၂ပတ်ကျော်  NTUC ကိုအသွားမှာ ဟင်းချက်စာအုပ် ၂ အုပ်တွေ့လို့ သဘောကျပြီး ၀ယ်လာခဲ့ပါတယ်။ ချက်စရာတွေကများနေတာနဲ့ ဒီနေ့မှဘဲ လုပ်စားဖြစ်တယ်။ နေ့လယ်စာ ကြက်သားလိပ်ပေါ့ လွယ်ကူမြန်ဆန်ပြီး အရသာရှိသော အနောက်တိုင်းအစားအစာ တစ်မျိုးပါ။ ဒီလိုလုပ်နည်းကို လွန်ခဲ့သော ၃ နှစ်လောက်က အစားအသောက်အစီအစဉ်တစ်ခုမှာ တွေ့ဖူးသေးတယ်။ အဲဒီတုန်းကတည်းက လုပ်စားချင်နေတာ ခုမှအကောင်အထည်ဖော်ဖြစ်တယ်။
 




တစ်ယောက်စာအတွက် ကြက်ရင်ပုံသား တစ်ခု၊ ကြက်သား (သို့) ၀က်သားနဲ့ လုပ်ထားတဲ့ ham ၊ ခြစ်ပြီးသား ချိစ်လေးတွေနဲ့ အပေါ်မှာ ကပ်ဖို့ ပေါင်မုန့်ကြွပ်အခြောက်မှုန့်လေးတွေလိုပါတယ်။ အိမ်မှာတော့ ကြက်သားပဲစားတာမို့ chicken ham ကိုပဲသုံးပါတယ်။

ပထမဆုံးကြက်ရင်ပုံကို အိပ်တစ်ခုထဲထည့်ပြီး ပြားသွားအောင်ထုပေးပါ။ ပြီးမှ ဆား၊ ကြက်သားမှုန့်၊ငရုပ်ကောင်း ဖြူးပြီး ham၊ ချိစ်ထည့်ပြီးလိပ်ပေးပါ။ လိပ်ထားပြီးသားကြက်သား ကွဲမထွက်အောင် သွားကြားထိုးတံလေးတွေနဲ့ ထိုးထားလိုက်ပါ။ ပြီးရင် ဂျုံနဲ့ လူး။ ကြက်ဥခေါက်ထားတာထဲ ထည့်၊ နောက်ဆုံးမှ ပေါင်မုန့်ကြွပ်ကပ်ပေးပြီး ၂၀၀ ဒီဂရီ အာဗင်မှာ ၂၅ မိနစ်ကင်ပါ

 ဆော့အတွက်ကို ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဂျုံ စားပွဲဇွန်းမောက်မောက် ၁ ဇွန်ကို ရေကျဲကျဲနဲ့ ဖျော်ပြီး ပျစ်လာအောင်တည်ပေးပါ။ ဆားနဲနဲထည့်ပြီး ထောပတ် လက်ဖက်ရည်၁ ဇွန်းကို ချကာနီးမှာ ထည့်မွှေပေးရင်ရပါပြီ


10 comments:

စံပယ်ချို said...

ပုံကြည့်ပြီး စားချင်လိုက်တာ
အစားအသောက်မီးလိုတောက်ပါပဲ
လုပ်စားရင်အဆင်ပြေပါ့မလားမသိဘူး

Evy said...

အဆင်ပြေမှာပါ jasmine ရေ။ လိပ်ပြီး ကင်လိုက်ရင် ရပြီလေ

Mrs. Bagel said...

အရမ်းမိုက်တယ်။ အဲလို လုပ်စားချင်နေတာ။ ကြော်နေတဲ့ အချိန် အလိပ် ပြေ တတ်လား အစ်မ။

Evy said...

မပြေဘူးလေ မြတ်ကြည်။ အစ်မ သွားကြားထိုးတံလေးနဲ့ထိုးထားတယ်

Q-te said...

ဂလု အရမ်းကြိုက်တယ် အမ ရေ
ဂေါ်ဖီ ပါးပါးလေးနဲ့ ပြောင်းဖူးရယ်ဒီမိတ်လေးနဲ့ မာရိုနစ်လေးနဲ့ ၂ ပွဲ လောက်ကတော့ အသာလေးပဲ :D :D

တီချမ်း said...

ကြက်သားလိပ်ဘေးက ဝါဝါ နဲ့ ပန်းရောင်လေးတွေက ချိစ် နဲ့ ဟမ် လား

Evy said...

ကျေးဇူးပါ Qt

တီချမ်း => တစ်ဝက်မှန်တယ် :D . ပန်းရောင်က ဟမ်။ အ၀ါရောင်က ကြက်ဥမွှေထားတာ။ မုန့်နှစ်ကပ်ပြီး ပိုနေတဲ့ ကြက်ဥ တွေကိုအသုံးချထားတာလေ

foodydelight said...

very delicious.You have a wonderful blog with great recipes.Glad to follow you.
Do visit my new blog in your free time.
http://www.foodydelight.com/

dimas geel said...

Nice shared. :)
Food lover starts drooling now. haha

Please visit my blog
Just FYI, there’s an event for bloggers and the prizes are iPad2 and Cash. Find the info here. :)

Unknown said...

Sis, I'm your fan and really grateful for sharing the recipes.I bought two of your books too. They're really great!
Though I've read all your posts, but I never tried one at home before because of time and I'm not good at cooking. But last weekend, I've tried to cook Chicken Cordon Bleu for my hubby and it came out well (not as good as yours that showed in the photo)and my family loves it.
Thanks so so much,sis. And if possible, please post easy European food recipes such as salad and steak.
Thanks much.