Wednesday, March 14, 2012

Red Velvet Cupcakes


ဟိုတနေ့က အရင်တုန်းက ရိုက်ထားတဲ့ပုံတွေကို ဟိုမွှေဒီမွှေလျောက်ကြည့်ရင်း ဒီပုံလေးတွေထွက်လာပါတယ်။ အဲဒီတော့မှ ဒီမုန့်လေးကို ဘလော့ပေါ်မှာ မတင်ရသေးမှန်း သတိပြန်ရတယ်။ ဟင်းချက်တဲ့ ပုံတွေကလည်း တဖြည်းဖြည်း များလာလိုက်တာ ကွန်ပြူတာထဲမှာ မဆံ့သလောက်ဖြစ်နေလို့ အပြင်က Hard disk တစ်ခုဝယ်ပြီး ထည့်ရတဲ့ အထိပါပဲ။  ဟင်းပုံအပြင် ကိုယ့်ပုံကိုယ်ရိုက်တာလဲ ၀ါသနာပါလေတော့ ပြီးရောပေါ့။


ဒီမုန့်လေးက သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့အတွက်လုပ်တာပါ။ လွန်ခဲ့သော ၆လခန့်ကထင်တာပဲ။ ကျွန်မကလဲ မုန့်လုပ်ရင် ချောကလက်မုန့်ကိုပဲ လုပ်ချင်တယ် (ကြိုက်တာကိုးနော်) ဒါပေမယ့်လည်း ချောကလက် အမဲရောင်တွေပဲ ထပ်နေလို့ အသစ်အဆန်းဖြစ်မယ်ထင်တဲ့ အနီရောင်မုန့်ကို လုပ်လိုက်တာပါ။ ဒီမုန့်နဲ့လိုက်ဖက်တဲ့ အတွဲကတော့ ခရင်မ်ချိစ် topping ပါ။  အဲဒီတစ်လောက Mini Muffin ဗန်းလေးဝယ်ထားတာ သဘောကျလို့ အဲဒီဗန်းသေးသေးလေးတွေနဲလုပ်ဖြစ်
နေတာ။ အပေါ်က ခရင်ချိစ်ကို နှင်းဆီပွင့်ပုံဖော်ချင်တာ မအောင်မြင်ဘူး ဖြစ်သွားတယ်။ နဲနဲပျော့သွားလို့ လိုချင်တဲ့ပုံမထွက်တာ။ နောက်မှ ထပ်စမ်းကြည့်မယ်လို့ အားခဲထားပါတယ်။

လုပ်နည်း

  • ဂျုံ ၁၂၅ ဂရမ်
  • ကိုကိုးမှုန့် ထမင်းစားဇွန်း၁ဇွန်း
  •့ baking powder 1/4 tsp
  • salt 1/4 tsp
  1. ဒါတွေအားလုံးရောမွှေထား။
  2. ပြီးရင် ၁၂၀ မီလီလီတာ နို့နဲ့ အနီရောင်ဆေးစားပွဲဇွန်း၁ဇွန်းကိုရောမွှေထား
  3. ထောပတ် ၆၀ဂရမ်နဲ့ သကြား ၁၅၀ဂရမ်ကိုပွလာအောင်ခေါက်ပေးပြီး ကြက်ဥအကြီး၁လုံးထည့်မွှေပါ။ ဗနီလာနံ့လေးလဲထည့်လိုက်ပါဦး။ ပြီးမှခုနက ဂျုံအရောနဲ့ နို့အရောကို တလှည့်စီထည့်မွှေပေးပါ (ဂျုံ ၊ နို့ ၊ ဂျုံ) ဖြစ်ရပါမယ်။ ပြီးရင် ၁၇၀ ဒီဂရီ အာဗင်မှာ မိနစ် ၂၀လောက်ဖုတ်ပေးပါ၊
  4. နောက်ဆုံးမှ ခရင်မ်ချိစ်+သကြား ရောမွှေထားတဲ့ topping နဲ့အလှဆင်ပေးပါ။

5 comments:

Mrs. Bagel said...

အစ်မ topping ပေါ်က နီနီလေးတွေက muffin ကိတ်သား ပဲပြန်တင်ထားတာလား? စားလို့တော်တော်ကောင်းမယ်။ :)

Anonymous said...

Topping တင်ထားတာလှပါတယ်။ မုန့် လေးကမြင်လိုက်တာနဲ့ စားချင်စရာ။
မုန့် လုပ်ရတာတော်တော်စိတ်ရှည်မှဖြစ်တာတော့သဘောပေါက်တယ်Evyရယ်။
အိုင်အိုရာ

Hnit said...

cup cake မလုပ်ကြည့်ရသေးဘူး အမရေ။ တစ်ရက်လောက် စမ်းကြည့်ဦးမယ်။ Thanks for the recipe.

Evy said...

မြတ်ကြည်ရေ ဆောရီး အစ်မပြန်တာ နဲနဲနောက်ကျသွားတယ်။ ဟုတ်တယ်။ အဲဒီအနီလေးတွေက မုန့်လေးတွေကို ပြန်ချေပြီးတင်ထားတာ။

Anonymous said...

ama yay.. for topping.. how much do we need cream cheese n sugar??

thx u