Wednesday, August 29, 2012

စားလို့ကောင်းတဲ့ Char Kway Teow


ဒီခေါက်ဆွဲကြော်နည်းလေးကလည်း စက်တင်ဘာလထုတ် FOOD Magazine မှာပါပါတယ်။
စာအုပ်အတွက်ရေးထားပေးတဲ့အတိုင်းမပြုမပြင်ပဲ ကူးထည့်ပေးလိုက်ပါတယ်။
 ***********************************************************
စင်္ကာပူဟာ တရုပ်ကြီးစိုးတဲ့နိုင်ငံဖြစ်တာမို့ တရုပ်ထုံးစံအတိုင်း ခေါက်ဆွဲအမယ်တွေများလှပါတယ်။ တရုပ်ကလည်း အမျိုးမျိုးရှိတာမို့ သူ့လူမျိုးစုနဲ့သူ အစားအစာတွေဟာ အမယ်စုံလှပါတယ်။ ပြောရမယ်ဆိုရင် စင်္ကာပူလောက် အစားစုံတဲ့နေရာ စင်္ကာပူပါပဲ။ အနောက်တိုင်း အစားအစာမျိုးစုံရသလို အရှေ့တိုင်းအစားအစာတွေဟာလည်း ပြေးမလွတ်ပါဘူး။ သူ့နိုင်ငံထဲမှာတင် တရုပ်၊ မလေး။ အင်ဒီးယန်းလူမျိုးတွေက စင်္ကာပူနိုင်ငံသားလို့ သတ်မှတ်ထားတာကြောင့် အဲဒီလူမျိုးအသီးသီးရဲ့ အစားအသောက်တွေနဲ့တင် မနည်းပါဘူး။ ခေါက်ဆွဲမှာတောင်မှ မလေးလူမျိုးရဲ့ ခေါက်ဆွဲတွေ သီးသန့်ရှိပါသေးတယ် မီးဂိုရင်းတို့၊ မီးဆိုတို၊မီးရိုဘတ်စ် တို့စသဖြင့်ပေါ့လေ။ အဲလိုခေါက်ဆွဲ အသီးသီးရှိတဲ့ အထဲမှာမှ နှစ်သက်မိတဲ့ခေါက်ဆွဲတစ်ခုကိုပြောပါဆိုရင် ခုရေးပြမယ် Char Kway Teow ခေါက်ဆွဲပါဘဲ။ Char ဆိုတာက ကြော်တာကိုခေါ်ပြီး Kway Teow ကတော့ ဆန်ပြားခေါက်ဆွဲပါတဲ့  ၊တရုပ်တွေဆိုရင်တော့ သိကြမှာပါနော်။ ဗမာပြည်မှာတော့ မလေးခေါက်ဆွဲကြော်ဆိုပြီး ခေါ်ကြပါတယ်။

အဲဒီ Char Kway Teow  ရဲ့ မူလကနဦးစတင်တဲ့ နေရာကတော့ မလေးရှားနိုင်ငံ ပီနန်မြို့လို့ သိရပါတယ်။ တကယ်လည်း အဲဒီမြို့က Kway Teow က ဘယ်နေရာနဲ့မှ မတူအောင်စားလို့ကောင်းပါတယ်။ အရသာသိပ်ကောင်းတဲ့အပြင် ဈေးကလည်း စင်္ကာပူနဲ့ယှဉ်ရင် တော်တော့်ကိုသက်သာပါတယ်။ စင်္ကာပူမှာလည်း အဲဒီလက်ရာနီးပါးကြော်နိုင်တဲ့ဆိုင်တွေ ရှိပါတယ်။ တချို့ကလည်း သက်သာအောင် ရောင်းတန်း Kway Teow တွေကြော်ရောင်းကြပါတယ်။ ခုဒီမှာလုပ်ပြမယ့်နည်းကတော့ ကောင်းအောင်ကြော်တဲ့ စင်္ကာပူနည်းပေါ့နော်။
 
လုပ်နည်းလေးကြည့်ရအောင်

  • ဆန်ပြား ၂၅၀ ဂရမ် (မကပ်အောင်ဖွထားပါ)
  • ပုဇွန် ၄ ကောင် (သန့်စင်ပြီး ကျောခွဲထားပါ)
  • ကျူဆိုင် ၄ ပင် (တစ်လက်မခွဲလောက်ရှည်ရှည်လေးတွေလှီးထား)
  • ပဲပင်ပေါက် လက်တစ်ဆုပ်စာ
  • ငရုပ်သီးအနီ မစပ်သော အတောင့်ကြီးမျိုးတစ်တောင့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မွှာ (နုတ်နုတ်စဉ်းထားပါ)
  • ကြက်ဥ ၁လုံး

ဆော့စ်
  • ပဲငံပျာရည်အကြည်  စားပွဲဇွန်း ၃ ဇွန်း
  • ပဲငံပျာရည် အနောက် စားပွဲဇွန်း ထက်ဝက်
  • သကြား စားပွဲဇွန်း ထက်ဝက်
  • ငါးငံပျာရည် လက်ဖက်ရည် ၁ ဇွန်း
  • ဆား အနည်းငယ်

ကြော်နည်း
  1. ပထမဆုံးဆီ စားပွဲဇွန်း ၁ ဇွန်းကို ပူအောင်တည်ပြီး ကြက်သွန်၊ ပုဇွန်၊  ပဲပင်ပေါက်၊ ငရုပ်သီးအနီကိုထည့်ပြီး ၁ မိနစ်လောက်ကြော်ပေးပါ။
  2. ပြီးရင်ခေါက်ဆွဲထည့၊် ကြက်ဥကိုဖောက်ထည့်ပြီး သမအောင်မွှေပေးပါ။
  3. နောက်ဆုံးမှ ဆော့ထည့်၊ ကျူဆိုင်ထည့်ပြီး ၂ မိနစ်လောက်ထပ်တင်ထားပေးပြီးရင် ရပါပြီ

6 comments:

cho cho chit said...

နောက်နေ့ ကြော်စားအုံးမယ် မမ ရေ .. ကောင်းမှကောင်းဘဲဗျ ..

Anonymous said...

Like this one also :D
Thank you for ur recipe :P

PPS :)

Tuumar said...

အဲဒါက တီမာ့အကြိုက်ဆုံးလေ
စားသွားပြီနော်

mstint said...

မလေးခေါက်ဆွဲကြော်ကို အိမ်မှာ အမုန်းကြော်စားတယ် Evy ရေ။ ကြော်ထားပုံလေးက စားချင်စရာပဲ ကြော်နည်းလေးရေးမှတ်သွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော (အစိမ်းရောင်လင်ပြင်) said...

ချက်ခြင်းတောင် ပြေးစားချင်စိတ်ပေါက်လာပြီ
လှလည်းလှ အရသာလည်းရှိလိုက်မဲ့ဖြစ်ခြင်း

khin thandar said...

sis ...can you share recipe foe Mesoto ? I love to eat when i was in singapore.
thank you