Sunday, September 29, 2013

Oreo ထောပတ်ကိတ်




ခုတစ်လော မုန့်မတင်ဖြစ်တာကြာပြီ။ ၀ါကျွတ်နီးလာပြီ မုန့်တွေတင်ပါဦးလို့ FB ကတစ်မျိုး၊ email ကတစ်သွယ် လာပြောကြတော့မှ မုန့်မတင်တာ တော်တော်ကြာပြီလို့ သတိထားမိသွားတယ်။ ဒီရက်ပိုင်း အလုပ်ရှုပ်နေတာကြောင့် အသင့်ရှိပြီးသား ဟင်းချက်နည်းများကိုတင်ဖြစ်နေတာပါ။ မုန့်လုပ်နည်းကိုပြန်ရှာလိုက်တော့ လုပ်ပြီးသားအသင့်ရှိတဲ့ ၃ ၊၄ မျိုးလောက်သွားတွေ့တယ်။ အဲဒီအထဲကပဲ ရိုးရိုးလေးနဲ့ ဆန်းမယ်ထင်တဲ့ မုန့်လုပ်နည်းလေးကို ရွေးထုတ်ပြီး တင်ပေးလိုက်ပါတယ်။ ထောပတ်ကိတ်ကို Oreo biscuit လေးတွေထည့်ပြီး အပေါ်က ချောကလက်အမွလေးတွေဖြူးထားတဲ့ ကိတ်ပေါ့။ အဲဒီချောကလက်ဂျုံအမွလေးတွေကလည်း ကိုယ့်ဘာသာကိုယ်လုပ်ရတာပဲ။ စိတ်ဝင်စားစရာကောင်းပါတယ်။

လုပ်နည်းလေးကြည့်ကြရအောင်။


ပါဝင်ပစ္စည်းများ

ထောပတ် ၁၄၀ ဂရမ်
သကြား ၁၂၀ ဂရမ်
ကြက်ဥ ၂ လုံး
ဂျုံ ၁၄၀ ဂရမ်
ဘိတ်ကင်ပေါင်ဒါ ၂.၅ ဂရမ်
ဗနီလာအနံ့ အနည်းငယ်
နွားနို့ စားပွဲဇွန်း ၂ ဇွန်း
Oreo biscuit ၅ ခုခန့် (ဖဲ့ထားပေးပါ)

Chocolate Topping
ဂျုံ - ၄၅ဂရမ်
ကိုကိုးပေါင်ဒါ - ၁၀ ဂရမ်
သကြား ၃၀ဂရမ်
အရည်ပျော်အောင် အပူပေးထားသောထောပတ် ၃၀ဂရမ်

(topping အတွက် ပါဝင်ပစ္စည်းများအားလုံးကို သမအောင်ရောမွှေထားလိုက်ပါ)


လုပ်နည်းအဆင့်ဆင့်
  1. မုန့်ဖုတ်မယ့်ခွက်ကို (၈လက်မ x ၃.၃လက်မ) ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
  2. ဂျုံ၊ ပွဆေး ကို စကာ ချထားပါ
  3. ပထမဆုံး သကြားနဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် မွှေပေးပါ
  4. ကြက်ဥကို ဖြည်းဖြည်းချင်းထည့်ပြီး သမအောင် ထည့်မွှေပေးပါ။
  5. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ အရင်တုန်းက လုပ်နည်းတွေအတိုင်း ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ ။
  6. နောက်ဆုံးဂျုံထည့်မွေတဲ့ အဆင့်မှာ Oreo biscuit လေးများကိုပါ ထည့်မွှေပါ။
  7. ပြီးရင် မုန့်ဖုတ်မယ့် ခွက်ထဲကို ထည့်ပြီး ချောကလက် topping ဖြူးပေးကာ ၁၆၀ ဒီဂရီမှာ ၄၅ မိနစ် ဖုတ်ပေးပါ။
  8. မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ
ဒါဆိုရင်တော့ Oreo ဘီစကစ်ပါပြီး ချောကလက်အမွလေးများနဲ့ အရသာရှိသောကိတ်လေး အဆင်သင့်ဖြစ်ပါပြီ။ ၀ါကျွတ်အတွက် ကြိုပြီးလေ့ကျင့်နိုင်ကြပါစေနော်။



2 comments:

thida said...

pls tell me how many cup instead of gram .Thanks for sharing Ma EVY.

Evy said...

Normally I dont recommend using cup as it is varied depending upon the how the user measure it. For example, if you press sugar firmly into the cup, the weight of ingredient is no longer the same as stated in the recipe and that could impact the final product.