စားလို့သိပ်ကောင်းတဲ့
ဆီချက်တစ်မျိုးကတော့ ဖက်ထုပ်ဆီချက်ပါ။ လုပ်ရတာလဲ လွယ်ကူပြီးမြန်ဆန်တဲ့အပြင်
ဖက်ထုပ်အစိမ်းများကို လုပ်ထားပြီးရင် အနည်းဆုံးတစ်ပတ်လောက် ရေခဲသေတ္တာထဲမှာ အေးခဲပြီး သိမ်းထားနိုင်တာကြောင့်
အဆင်ပြေလှပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သား (သို့) ၀က်သား စဉ်းပြီးသား ၃၀၀ ဂရမ်
- ပဲပြား ၆၀ ဂရမ် (သို့) ပုံမှန်ဆိုဒ်ပဲပြား တစ်ဝက်
- ရှီတာကီမှို ၃ ခု (သေးသေးလှီးထားပါ)
- ကြက်ဥတစ်လုံး
- ပြောင်းကော်မှုန့် လက်ဖက်ရည်၁ဇွန်း
- ခရုဆီစားပွဲဇွန်း ၁ ဇွန်း
- ဆား လက်ဖက်ရည် ၁ ဇွန်း
- နှမ်းဆီလက်ဖက်ရည် ၁ ဇွန်း
- ကြက်သားမှုန့် လက်ဖက်ရည် ဇွန်း တစ်ဝက်
- ငရုပ်ကောင်းအနည်းငယ်
ပြုလုပ်နည်း
- ပါဝင်ပစ္စည်းများအားလုံးကို သမအောင်ရောမွှေပြီး ၁၀ မိနစ်ခန့်ထားပါ
- ထို့နောက် ဖက်ထုပ်အဖတ်ထဲသို့ ပုံပါအတိုင်း ထည့်ကာထုပ်ပေးပါ
- သုံးမည့်ဖက်ထုပ်များကို ဖယ်ကာ ကျန်ဖက်ထုပ်များကို ရေခဲသေတ္တာအပေါ်ထပ်တွင်ထည့်ကာ ခဲထားလိုက်ပါ။
- ဆော့အတွက် ပဲငံပျာရည်အကြည်စားပွဲဇွန်း ၂ ဇွန်းနဲ့ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ရောမွှေထားလိုက်ပါ။
- ကြက်သွန်ဖြူ ကို ဆနွင်းမထည့်ပဲ ဆီချက်ချက်ထားပါ
- မုန်ညှင်းအနည်းငယ် ပြုပ်ကာဆယ်ထားပါ။
- ဖက်ထုပ်များကို ရေဆူဆူတွင် ၃ မိနစ်ခန့်ပြုပ်ပါ (ကျက်မကျက်သိရန်မှာ ရေဆူဆူထဲသို့ထည့်ပြီး ဖက်ထုပ်များ အိုးအောက်ခြေတွင် မကပ်ပဲရေပေါ်ပေါ်လာလျှင်ရပါပြီ။ ကြာကြာပြုပ်ပါက မာတတ်ပါသည်)။
- ပွဲပြင်ရန်အတွက် ဖက်ထုပ်၊ မုန်ညှင်းများကို ပန်းကန်ထဲတွင်ထည့်ကာ ဆော့လက်ဖက်ရည် ၂ ဇွန်းခန့်ဆမ်း၊ ဆီချက်များထည့်ပြီးလျှင် ကြက်သွန်မြိတ်ဖြူးပါ။
- အနံ့မွှေးကြိုင်ပြီး အရသာရှိသော ဖက်ထုပ်ဆီချက်အသင့်ဖြစ်ပါပြီ
No comments:
Post a Comment