Friday, December 20, 2013

ပင်လယ်စာ ပဲကြာဇံသုပ်






ကြားရယုံနဲ့တင် စားချင်မယ့် ချဉ်ချဉ်ငံငံစပ်စပ် ပင်လယ်စာ ပဲကြာဇံသုပ်နည်းလေးတစ်မျိုးပါ။ ဒီဟင်းပွဲလေးက သူငယ်ချင်းတွေ တွေ့ဆုံပွဲလုပ်မယ့် အချိန်တွေအတွက်လည်း အလွန်ပင်သင့်တော်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲကြာဇံ ၁၀၀ ဂရမ် (ရေနွေးဖြင့် ၂ မိနစ်ခန့်ပြုပ်ထားပါ)
  • ပုဇွန် နဲ့ ပြည်ကြီးငါးကိုလည်း( ပြုပ်ထားပြီး ခပ်သေးသေးလှီးထားပါ)
    ခရမ်းချဉ်သီး အကြီးတစ်လုံး (ပါးပါးလှီး)
  • ငရုပ်သီးတောင့်အနီ ၃ တောင့် (သေးသေးလှီးထားပါ)
  • ကြက်သွန်ဖြူ ၅ မွှာ
  • ကြွက်နားရွက်မှိုခြောက် အနည်းငယ် (ရေနွေးစိမ်ကာ ခပ်သေးသေးလှီးပါ)
  • နံနံပင် အနည်းငယ်

ငရုပ်သီး ၊ကြက်သွန်ဖြူ ကို ထောင်း (သို့)သေးသေးလှီးပြီး ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်း ၊ ငါးငံပျာရည် စားပွဲဇွန်း ၃ ဇွန်း၊ ဟင်းခတ်မှုန့်လက်ဖက်ရည် ဇွန်း ၁ ၀က်၊ သံပုရာသီး အကြီး ၁ လုံးခွဲ (အရည်ညှစ်ထားပါ) နဲ့ ရောမွှေထားပါ

စားကာနီးမှ အားလုံးရောမွှေလိုက်ရင် ချဉ်ငံစပ် ပဲကြာဇံ ပင်လယ်စာသုပ်ရပါပြီ။



No comments: