Tuesday, December 10, 2013

ခရစ်စမတ် cup cake






နောက်ထပ် ခရစ်စမတ်အတွက် မုန့်လေးတစ်ခုကတော့ ခရစ်စမတ် မြက်ပန်းခွေပုံဖော်ထားတဲ့ ကိတ်လေးပါပဲ။ ဒီမုန့်မှာလည်း  ချောကလက်ကိတ်ကိုပဲ သုံးပြထားပြီး အစိမ်းရောင် ခရင်မ်များနဲ့ အလှဆင်ပေးထားပါတယ်။

ပါဝင်ပစ္စည်းများ
  • ထောပတ် ၆၀ ဂရမ်
  • သကြား ၅၀ ဂရမ်
  • ဂျုံ ၅၀ ဂရမ်
  • ကိုကိုးမှုန့် စားပွဲဇွန်း ၁ ဇွန်းမောက်မောက်
  • ဘိတ်ကင်ပေါင်ဒါ လက်ဖက်ရည် ဇွန်းသုံးပုံတစ်ပုံ
  • ကြက်ဥ ၁ လုံး
  • နို့စိမ်း စားပွဲဇွန်း ၁ဇွန်း
  • စတော်ဘယ်ရီသီးအနည်းငယ်
လုပ်နည်းအဆင့်ဆင့်
  1. ဂျုံ၊ ပွဆေး နဲ့ ကိုကိုး မှုန့်ကို စကာ ချထားပါ
  2. သကြားနဲ့ ထောပတ်ကို ပွအောင်မွှေပါ
  3. ကြက်ဥကို  သမအောင် ထည့်မွှေပေးပါ။
  4. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ အရင်တုန်းက လုပ်နည်းတွေအတိုင်း ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ
  5. ပြီးရင် မုန့်ဖုတ်မယ့် Muffin ခွက်လေးများထဲကို ထည့်ပြီး ၁၆၀ ဒီဂရီမှာ ၂၅ မိနစ် ဖုတ်ပေးပါ။
  6. အာဗင်မှထုတ်ပြီး အအေးခံထားပါ။


ခရင်မ်ချိစ် Icing
  • ထောပတ် ၅၀ဂရမ်
  • ခရင်မ်ချိစ် ၈၀ ဂရမ်
  • ပေါင်ဒါသကြား ၁၀၀ ဂရမ်
  • ဗနီလာအနံ့ လက်ဖက်ရည် ၁ ဇွန်း
အားလုံးကို သမအောင် စက်နဲ့ခေါက်ထားပေးပါ။ တစ်ဝက်ကို အစိမ်းရောင်မုန့်ဆိုးဆေးထည့်ပေးပါ။

မုန့်အလှဆင်ခြင်း
  • ကိတ်မုန့်တစ်ခုစီကို  ခရင်မ်ချိစ် Icing အဖြူစားပွဲဇွန်းနှစ်ဇွန်းခန့်စီသုတ်လိမ်းပြီး မျက်နှာပြင် ညီအောင်ညှိပေးပါ
  • နောက် star tip လေးကိုသုံးကာ အစိမ်းရောင်ခရင်မ်ဖြင့် အ၀ိုင်းပုံရအောင် ပုံဖော်ပါ။
  • ထို့နောက် အသင့်သုံးဂျယ်လီအနီ၊ သကြားခဲအပြောင်လေးများဖြင့် ပုံပါအတိုင်းအလှဆင်ပေးပြီးရင် မုန့်လေး အသင့်ဖြစ်ပါပြီ

No comments: