ဆီချက်ကိုပုံစံတစ်မျိုးနဲ့
ပြောင်းစားကြည့်ကြရအောင်။ ကြက်ခြေထောက်ကို နူးမြေ့နေအောင် ပေါင်းထားပြီး
ဆီချက်ခေါက်ဆွဲနဲ့ တွဲစားရတာပါ။ ဒါ့အပြင် ရိုးရိုးဆီချက်လိုမဟုတ်ပဲ ဆမ်းစားစရာ
ဆော့စ်တစ်မျိုးကို သုံးထားတာကြောင့် အရသာတစ်မျိုးထူးပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ခြေထောက် - ၈ခု
- ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
- ဆားလက်ဖက်ရည် ဇွန်း တစ်ဝက်
- နှမ်းဆီ လက်ဖက်ရည်၁ ဇွန်း
- ခေါက်ဆွဲ - ၁၅၀ ဂရမ်
- ကြက်သွန်ဖြူ
- ဆီ
- မုန်ညှင်းစိမ်း - အနည်းငယ်
ခေါက်ဆွဲနှင့်တွဲစားရန်ဆော့စ်
- ပဲငံပျာရည်အကြည်စားပွဲဇွန်း ၂ ဇွန်း
- ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- သကြား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ရေ စားပွဲဇွန်း ၁ ဇွန်းခွဲ
- ခရုဆီလက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုပ်ဆီ လက်ဖက်ရည် ၁ ဇွန်း
ပြုလုပ်နည်း
- ဦးစွာ ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ ဆနွင်းမထည့်ပဲ ဆီသတ်ထားပါ
- ကြက်ခြေထောက်များကို ပဲငံပျာရည်၊ ဆား၊ ငရုပ်ကောင်း နှင့် နာရီဝက်ခန့်နှပ်ထားပြီးမှ နှမ်းဆီဆမ်းကာ ပေါင်းအိုးတွင် နာရီဝက်ခန့် နူးမြည့်သွားသည်အထိပေါင်းပေးပါ။
- ခေါက်ဆွဲ နှင့် မုန်ညှင်း ကိုလည်းပြုပ်ထားပြီး ဆီချက် နှင့်ရောနယ်ပေးထားပါ။ (ခေါက်ဆွဲတစ်ပွဲစားကို ဆီ စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။
- ပွဲပြင်ရန်အတွက် ခေါက်ဆွဲများထည့်ကာ ဘေးပတ်ပတ်လည်တွင် ပြုပ်ပြီးသားမုန်ညှင်းများ စီထည့်ပါ။
- ထို့နောက် ကြက်ခြေထောက်ပေါင်းကို စီတင်တာ ဆီချက်ဆမ်းပါ။
- ဆောစ့်စားပွဲဇွန်း ၁ ဇွန်းခွဲခန့်ဆမ်းကာ သုံးဆောင်နိုင်ပါပြီ။
1 comment:
ကြက်ခြေထောက်ပေါင်း ဆီချက်လုပ်တဲ့နည်းပညာအပြင် တွဲစားဘို့ ဆော့စ်လေးအတွက် ကျေးဇူးပါ Evy ရေ။
မေတ္တာဖြင့်
တီတင့်
Post a Comment