Tuesday, March 4, 2014

ကြေးအိုးဆီချက်






ဆီချက်များထဲမှာ ကျွန်မအနှစ်သက်ဆုံးက ကြေးအိုးဆီချက်ပါပဲ။ ငရုပ်ကောင်း အနံ့အရသာပူပူလေး အပြင်ကြက်သားလုံး၊ ငါးဆုပ်လုံးများနဲ့ အင်မတန်အရသာရှိသော ဆီချက်တစ်ပွဲဆိုရင်လည်းမမှားပါဘူး။


ပါဝင်ပစ္စည်းများ
ကြက်သား (သို့) ၀က်သား  - ၁၅၀ ဂရမ်
ကြက်သွန်မိတ်လှီးပြီးသား အနည်းငယ်
ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
ဆားလက်ဖက်ရည် ဇွန်း တစ်ဝက်
နှမ်းဆီ လက်ဖက်ရည်၁ ဇွန်း
ဆန်ကြာဇံ
ငါးဆုပ်လုံး
ငုံးဥ
ကြက်သွန်ဖြူ
ဆီ
ကြက်ပြုပ်ရည်
မုန်ညှင်းအနည်းငယ်


ပြုလုပ်နည်း

ဦးစွာ ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ ဆနွင်းမထည့်ပဲ ဆီသတ်ထားပါ
ကြက်ရိုးများအား အချိုရည်ထွက်အောင်တည်ကာ ကြက်ပြုပ်ရည် လုပ်ထားပြီး ဆူပွက်အောင်မီးပေါ်တွင်တင်ထားပါ
ကြာဇံကို ရေစိမ်ထားပါ။
အသားကို ပဲငံပျာရည်၊ နှမ်းဆီ၊ ငရုပ်ကောင်း အနည်းငယ်၊ ဆားနှင့် နာရီဝက်ခန့်နှပ်ထားပြီးမှ အလုံးသေးသေးများလုံးထားလိုက်ပါ။
ငါးဆုပ်လုံးများကို လည်း အသင့်ပြင်ထားပါ။
စားကာနီးအသင့်ဖြစ်မှ ကြာဇံ၊ ငါးဆုပ်၊ ကြက်သားလုံးနှင့် မုန်ညှင်းများအား တစ်ခုချင်းစီ ကြက်ပြုပ်ရည်ထဲတွင် ထည့်ပြုပ်ပါ။
ထို့နောက် ပွဲပြင်မည့် ပန်းကန်ထဲထည့်ကာ ငရုပ်ကောင်း၊ ဆီချက်၊ ပဲငံပျာရည်၊ ကြက်သားမှုန့်နှင့်ရောနယ်လိုက်ပါ။
ကြက်သွန်ဖြူ ဆီချက်ဖတ်များများ၊ ကြက်သွန်မိတ်များဖြူးကာ သုံးဆောင်ပါ။


1 comment:

Aunty Tint said...

အိမ်ကသူတွေရဲ့ ဖေးဖရိတ် အစာပဲ Evy ရေ..
နည်းလေးဖတ်သွားတယ် လုပ်ကျွေးအုံးမှ ကျေးဇူး :)

မေတ္တာဖြင့်
တီတင့်