Monday, March 17, 2014

ကြက်ခြေထောက်ပေါင်း ဆီချက်







ဆီချက်ကိုပုံစံတစ်မျိုးနဲ့ ပြောင်းစားကြည့်ကြရအောင်။ ကြက်ခြေထောက်ကို နူးမြေ့နေအောင် ပေါင်းထားပြီး ဆီချက်ခေါက်ဆွဲနဲ့ တွဲစားရတာပါ။ ဒါ့အပြင် ရိုးရိုးဆီချက်လိုမဟုတ်ပဲ ဆမ်းစားစရာ ဆော့စ်တစ်မျိုးကို သုံးထားတာကြောင့် အရသာတစ်မျိုးထူးပါတယ်။


ပါဝင်ပစ္စည်းများ

  • ကြက်ခြေထောက် - ၈ခု
  • ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
  • ဆားလက်ဖက်ရည် ဇွန်း တစ်ဝက်
  • နှမ်းဆီ လက်ဖက်ရည်၁ ဇွန်း
  • ခေါက်ဆွဲ - ၁၅၀ ဂရမ်
  • ကြက်သွန်ဖြူ
  • ဆီ
  • မုန်ညှင်းစိမ်း - အနည်းငယ်


ခေါက်ဆွဲနှင့်တွဲစားရန်ဆော့စ်


  • ပဲငံပျာရည်အကြည်စားပွဲဇွန်း ၂ ဇွန်း
  • ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သကြား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ရေ စားပွဲဇွန်း ၁ ဇွန်းခွဲ
  • ခရုဆီလက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုပ်ဆီ လက်ဖက်ရည် ၁ ဇွန်း


ပြုလုပ်နည်း

  • ဦးစွာ ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ ဆနွင်းမထည့်ပဲ ဆီသတ်ထားပါ
  • ကြက်ခြေထောက်များကို ပဲငံပျာရည်၊ ဆား၊ ငရုပ်ကောင်း နှင့် နာရီဝက်ခန့်နှပ်ထားပြီးမှ နှမ်းဆီဆမ်းကာ ပေါင်းအိုးတွင် နာရီဝက်ခန့် နူးမြည့်သွားသည်အထိပေါင်းပေးပါ။
  • ခေါက်ဆွဲ နှင့် မုန်ညှင်း ကိုလည်းပြုပ်ထားပြီး ဆီချက် နှင့်ရောနယ်ပေးထားပါ။ (ခေါက်ဆွဲတစ်ပွဲစားကို ဆီ စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။
  • ပွဲပြင်ရန်အတွက် ခေါက်ဆွဲများထည့်ကာ ဘေးပတ်ပတ်လည်တွင် ပြုပ်ပြီးသားမုန်ညှင်းများ စီထည့်ပါ။
  • ထို့နောက် ကြက်ခြေထောက်ပေါင်းကို စီတင်တာ ဆီချက်ဆမ်းပါ။
  • ဆောစ့်စားပွဲဇွန်း ၁ ဇွန်းခွဲခန့်ဆမ်းကာ သုံးဆောင်နိုင်ပါပြီ။


1 comment:

Aunty Tint said...

ကြက်ခြေထောက်ပေါင်း ဆီချက်လုပ်တဲ့နည်းပညာအပြင် တွဲစားဘို့ ဆော့စ်လေးအတွက် ကျေးဇူးပါ Evy ရေ။

မေတ္တာဖြင့်
တီတင့်