သာမန်ပုဇွန်ဟင်းများကနေ
နဲနဲခွဲထွက်ထားတဲ့ ပုဇွန်ကြော်လေးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အငံအရသာအတွက်
ဆားဘဲဥကိုသာ သုံးထားပြီး ပျဉ်းတော်သိမ်နိုင်နိုင်သုံးထားတာကြောင့် အနံ့လည်း
မွှေးလှပါတယ်။ ထမင်းဆီဆမ်းလေးနဲ့ တွဲစားလိုက်ရင် အလွန်လိုက်ဖက်ပြီး
ထမင်းမြိန်စေပါတယ်။ ဘဲဥ အပြင် နွားနို့်လေးပါ ထည့်ကြော်ထားတာကြောင့်
ငံငံဆိမ့်ဆိမ့်အရသာက ပုဇွန်ထဲကို စိမ့်ဝင်နေပြီး အရသာတစ်မျိုးထူးခြားနေပြန်ပါတယ်။
ချက်နည်းလေးလဲ မခက်တာကြောင့် ပြန်လည်လုပ်စားနိုင်စေဖို့ ပြန်ပြီး
မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ပုဇွန် အလတ် - ၁၀ ကောင်
ပျဉ်းတော်သိမ် - အရွက်၂၀ခန့်
ဆားဘဲဥ ၁ လုံး - ပြုပ်ထားပြီး
သေးသေးလှီးထားပါ
နွားနို့စားပွဲဇွန်း - ၂ ဇွန်း
သကြား - လက်ဖက်ရည်ဇွန်းတစ်ဝက်
ကြက်ဥ ၁လုံး
ငရုပ်သီးတောင့်အနီ - ၂ တောင့်
ဆီစားပွဲဇွန်း ၂ ဇွန်း
ထောပတ် - စားပွဲဇွန်း ၁ ဇွန်းစာ
ပြောင်းကော်မှုန့် စားပွဲဇွန်း ၃ ဇွန်း
ပြုလုပ်နည်း
ပုဇွန်များကို ကြောခွဲသန့်စင်ကာ
ပြောင်းကော်မှုန့် လူးလိုက်ပါ။
ဆီကိုအပူပေးကာ ထောပတ်ထည့်ကြော်ပါ။
ထောပတ်ပျော်လျှင် ပုဇွန်များအားထည့်ကြော်ပါ
၂ မိနစ်ခန့်ကြာလျှင်ဆယ်ထားလိုက်ပါ။
ကျန်သောဆီနှင့် ခေါက်ထားသော ရိုးရိုးကြက်ဥကို
ကြွပ်လာအောင်ကြော်ပြီး ဆယ်ထားလိုက်ပါ။
ထို့နောက် ပျဉ်းတော်သိမ် နှင့်
သေးသေးလှီးထားသော ငရုပ်သီးများကို ထည့်ကြော်ပါ
၁ မိနစ်ခန့်ကြာလျှင် ဆားဘဲဥများကို
ထည့်ကြော်ကာ နွားနို့ကိုပါထည့်ပေးပါ။
ထို့နောက်ကြော်ပြီးသားပုဇွန်များကို
ထည့်မွှေကာ ဆားဘဲဥ၊နွားနို့အရသာများဝင်စေရန် ၃ မိနစ်ခန့်ကြော်ပေးပါ။
သကြားကိုလည်းဖြူးထည့်ကာ သမအောင်မွှေပါ။
နောက်ဆုံးမှ
ကြက်ဥအကြွပ်ကြော်ကိုရောမွှေလိုက်ရင်တော့ စားဖို့အသင့်ဖြစ်ပါပြီ။
1 comment:
အမပျဉ်းတော်သိမ် ဘယ်ချိန်ထည့် ရ မှာလဲဟင်။ ဘယ်လောက် လောက်ထည့်ရမလဲ
Post a Comment