နောက်ဆီချက်တစ်မျိုးကတော့
ကြက်သားကြော်ဆီချက်ပါ။ ကြက်ဥခေါက်ဆွဲအမျှင်ကို အသုံးပြုထားပြီး
ရိုးရိုးကြက်သားပြုပ်အစား ကြက်သားကြော်နဲ့ အစားထိုးထားတာပါ။
ပါဝင်ပစ္စည်းများ
ကြက်ပေါင်သား
အရိုးလွတ်တစ်ခု
ကြက်သွန်မိတ်လှီးပြီးသား
အနည်းငယ်
ပဲငံပျာရည် စားပွဲဇွန်း ၂
ဇွန်း
ဆားလက်ဖက်ရည် ဇွန်း တစ်ဇွန်း
ကြက်ဥခေါက်ဆွဲအသေး ၂၅၀
ဂရမ်
ကြက်ဥ ၁ လုံး
ဂျုံမှုန့်စားပွဲဇွန်း ၂
ဇွန်း + ဆော်ဒါ လက်ဖက်ရည်ဇွန်း ၈ ပုံတစ်ပုံ
ကြက်သွန်ဖြူ
ဆီ
ခေါက်ဆွဲနှင့်တွဲစားရန်ဆော့စ်
ပဲငံပျာရည်အကြည်စားပွဲဇွန်း
၂ ဇွန်း
ခရုဆီလက်ဖက်ရည်တစ်ဇွန်း
ကြက်သားမှုန့်
လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြုလုပ်နည်း
ဦးစွာ
ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ ဆနွင်းမထည့်ပဲ ဆီသတ်ထားပါ
အသားကို ပဲငံပျာရည်၊
ဆားနှင့် နာရီဝက်ခန့်နှပ်ထားပြီးမှ ကြက်ဥ၊ ဂျုံမှုန့်လူးကာ ကြွပ်နေအောင် ကြော်ကာ
ဆီစစ်ထားပါ။
ရသာသော ကြက်သားကြော်အား
လက်တစ်လုံးခန့်အထူရအောင်လှီးထားလိုက်ပါ။
ခေါက်ဆွဲ
ကိုလည်းပြုပ်ထားပြီး ဆီချက် နှင့်ရောနယ်ပေးထားပါ။ (ခေါက်ဆွဲတစ်ပွဲစားကို ဆီ
စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။
ထို့နောက် ဆော့စ်ထည့်ကာ
သမအောင်မွှေပါ (ခေါက်ဆွဲတစ်ပွဲစားကို ဆော့စ် စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။
လှီးထားသော ကြက်သား၊
ကြက်သွန်မိတ် နှင့် ဆီချက်များ ဆမ်းကာ တွဲဖက်သုံးဆောင်ပါ
2 comments:
ကြက်သားကြော်ဆီချက် နည်းလေးဖတ်သွားတယ် Evy ရေ...
မေတ္တာဖြင့်
တီတင့်
Yum :)
Post a Comment