Wednesday, July 30, 2014

Vanilla Cupcakes





 Vanilla Cupcake ကတော့ နာမည်နဲ့ လိုက်ဖက်ညီစွာပဲ  ဗနီလာအနံ့လေးတသင်းသင်းနဲ့  စားချင်စဖွယ် ကောင်းလှပါတယ်။ မုန့်လုပ်တယ် ဆိုတာကလည်း အရသာရှိယုံနဲ့တင် မလုံလောက်သေးပါဘူး။ လှပအောင် ပြင်ဆင်မှသာ မုန့်လုပ်ခြင်းကိစ္စတစ်ခု ပြီးမြောက်တယ်လို့ ယူဆလို့ရတာကြောင့် နောက်ဆုံးအဆင့်အနေနဲ့ ခရင်မ်လေးနဲ့ အလှဆင်ပြီးတဲ့ အခါမှာစားချင်စဖွယ် မုန့်လေးတွေရရှိပါတယ်။



ပါဝင်ပစ္စည်းများ  (မုန့် ၁၀ခုစာ)

  • ထောပတ် ၁၂၀ဂရမ်
  • သကြား ၁၀၀ ဂရမ်
  • ကြက်ဥ ၂ လုံး
  • ဂျုံ  ၁၂၀ ဂရမ်
  • Baking powder ၄ ဂရမ်
  • နွားနို့ စားပွဲဇွန်း ၂ ဇွန်း


·         Cream အတွက်
  • Non Dairy Whipping Cream ၁၅၀ ဂရမ်
  • ဗနီလာအနံ့ လက်ဖက်ရည်ဇွန်း တစ်ဝက်


(၂ခုကိုရောမွှေကာ ခရင်မ်ဖြစ်သည်အထိ စက်ဖြင့်ခေါက်ထားပါ)


လုပ်နည်းအဆင့်ဆင့်
  1. ဂျုံ၊ baking powderု ကို စကာ ချထားပါ။
  2. ပထမဆုံး သကြားနဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် မွှေပေးပါ။
  3. ကြက်ဥကို တစ်လုံးချင်းထည့်ပြီး သမအောင် ထည့်မွှေပေးပါ။
  4. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ ။
  5. ထို့နောက်မုန့်ဖုတ်မည့် ခွက်များထဲကို ထည့်ပြီး ၁၇၀ ဒီဂရီ တွင် ၁၈ မိနစ် ဖုတ်ပေးပါ။
  6. မုန့်ကျက်မကျက်ကိုသိရန် cake skewer ဖြင့် မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ
  7. မုန့်များကို အအေးခံကာ ခရင်မ်ဖြင့် အလှဆင်ပါ။
  8. နောက်ဆုံးတွင် အရောင်ပါ သကြားမှုန်လေးများဖြူးပေးပါ။

No comments: