ချောကလက်အရသာပါတဲ့
မုန့်လေးတွေလုပ်ကြည့်ကြရအောင်။ ချောကလက် Cupcake နဲ့ လိုက်ဖက်တာကတော့ ချောကလက်
ခရင်မ်ပါ။
ပါဝင်ပစ္စည်းများ (မုန့် ၁၀ခုစာ)
- ထောပတ် ၁၂၀ဂရမ်
- သကြား ၁၀၀ ဂရမ်
- ကြက်ဥ ၂ လုံး
- ဂျုံ ၁၀၀ ဂရမ်
- ကိုကိုးမှုန့် စားပွဲဇွန်း ၂ ဇွန်း
- Baking powder ၄ ဂရမ်
- နွားနို့ စားပွဲဇွန်း ၂ ဇွန်း
- Baking Chocolate ၅၀ ဂရမ်
- ဆီ ၄၀ ဂရမ်
·
Cream အတွက်
- Non Dairy Whipping Cream ၁၅၀ ဂရမ်
- Semisweet chocolate ၅၀ ဂရမ် (ရေနွေးငွေ့ဖြင့် အပူပေးကာ အအေးပြန်ခံထားပါ)
(Whipping
cream ကိုခရင်မ်ဖြစ်သည်အထိ စက်ဖြင့်ခေါက်ထားပါ။ ထို့နောက်ချောကလက်အရည် ရောထည့်ကာ
သမအောင် မွှေပေးထားပါ။ ပုံဖော်ရန် ချောကလက်ခရင်မ် အသင့်ဖြစ်ပါပြီ)
လုပ်နည်းအဆင့်ဆင့်
- ချောကလက်နှင့်ဆီကို ရေနွေးငွေ့ဖြင့် ချောကလက်ပျော်သည်အထိ အပူပေးပါ။ ချောကလက် အရည်ပျော်လျှင်အအေးပြန်ခံထားပါ
- ဂျုံ၊ ကိုကိုးမှုန့်baking powderု ကို စကာ ချထားပါ။
- ပထမဆုံး သကြားနဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် မွှေပေးပါ။
- ကြက်ဥကို တစ်လုံးချင်းထည့်ပြီး သမအောင် ထည့်မွှေပေးပါ။
- ထို့နောက် ချောကလက်ရည်ထည့်မွှေပါ
- ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ ။
- ထို့နောက်မုန့်ဖုတ်မည့် ခွက်များထဲကို ထည့်ပြီး ၁၇၀ ဒီဂရီ တွင် ၁၈ မိနစ် ဖုတ်ပေးပါ။
- မုန့်ကျက်မကျက်ကိုသိရန် cake skewer ဖြင့် မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ။
- မုန့်များကို အအေးခံကာချောကလက်ခရင်မ်ဖြင့် နှစ်သက်ရာပုံဖော်ကာ အလှဆင်ပါ။
No comments:
Post a Comment