Tuesday, July 15, 2014

Oreo Cupcake




Oreo  Cupcake အတွက် ကိတ်မုန့်ကတော့ ချောကလက်ကိတ်မုန့်သားကို အခြေခံပါတယ်။ ခရင်မ်လုပ်တဲ့အဆင့်မှာ Oreo ဘီစကစ်အရသာကို ထည့်သွင်းပြုလုပ်ထားပါတယ်။



ပါဝင်ပစ္စည်းများ  (မုန့် ၁၀ခုစာ)

  • ထောပတ် ၁၂၀ဂရမ်
  • သကြား ၁၀၀ ဂရမ်
  • ကြက်ဥ ၂ လုံး
  • ဂျုံ  ၁၀၀ ဂရမ်
  • ကိုကိုးမှုန့် စားပွဲဇွန်း ၂ ဇွန်း
  • Baking powder ၄ ဂရမ်
  • နွားနို့ စားပွဲဇွန်း ၂ ဇွန်း
  • Baking Chocolate ၅၀ ဂရမ်
  • ဆီ ၄၀ ဂရမ်


·         Cream အတွက်
  • Non Dairy Whipping Cream ၁၅၀ ဂရမ်
  • ခရင်မ်မပါသော Oreo ဘီစကစ် ၆ ခုခန့် (ကြေညက်အောင် ခြေထားပါ)


(Whipping cream ကိုခရင်မ်ဖြစ်သည်အထိ စက်ဖြင့်ခေါက်ထားပါ။ ထို့နောက် Oreo အမှုန့်ရောထည့်ကာ သမအောင် မွှေပေးထားပါ။ ပုံဖော်ရန် oreo ခရင်မ် အသင့်ဖြစ်ပါပြီ)



လုပ်နည်းအဆင့်ဆင့်
  1. ချောကလက်နှင့်ဆီကို ရေနွေးငွေ့ဖြင့် ချောကလက်ပျော်သည်အထိ အပူပေးပါ။ ချောကလက် အရည်ပျော်လျှင်အအေးပြန်ခံထားပါ
  2. ဂျုံ၊ ကိုကိုးမှုန့်baking powderု ကို စကာ ချထားပါ။
  3. ပထမဆုံး သကြားနဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် မွှေပေးပါ။
  4. ကြက်ဥကို တစ်လုံးချင်းထည့်ပြီး သမအောင် ထည့်မွှေပေးပါ။
  5. ထို့နောက် ချောကလက်ရည်ထည့်မွှေပါ
  6. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ ။
  7. ထို့နောက်မုန့်ဖုတ်မည့် ခွက်များထဲကို ထည့်ပြီး ၁၇၀ ဒီဂရီ တွင် ၁၈ မိနစ် ဖုတ်ပေးပါ။
  8. မုန့်ကျက်မကျက်ကိုသိရန် cake skewer ဖြင့် မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ
  9. မုန့်များကို အအေးခံကာoreo ခရင်မ်ဖြင့် ပုံဖော်ကာ အလှဆင်ပါ။


No comments: