Tuesday, July 8, 2014

Marble Cupcakes





ဒီတစ်ခါတော့ ချောကလက် အရသာနဲ့ ဗနီလာအရသာရောထားတဲ့ marble cupcake များလုပ်ကြရအောင်။ မုန့်တစ်ခုထဲမှာတင် အရသာ ၂ မျိုးရောပါနေတာကြောင့် အများစု နှစ်သက်ကြမယ့် မုန့်လုပ်နည်းတစ်မျိုးပါ။ Marble cupcake အတွက်လည်း ချောကလက်ခရင်မ်ကိုပဲ သုံးထားပါတယ်။ Star Tip လို့ခေါ်သော ပုံဖော်ရာမှာသုံးတဲ့ Tip ကိုသုံးထားပြီး ရိုးရိုးအပွင့်ပုံလေးပဲ ပုံဖော်ပေးထားပါတယ်။ နောက်ဆုံးပိတ်အနေနဲ့ ချောကလက်မှုန့်များဖြူးကာ ချောကလက်တံလေးစိုက်လိုက်ပြီး အလှဆင်ခြင်းအဆုံးသတ်ထားပါတယ်။ အရသာရှိပြီး အမြင်လှတဲ့ ပွဲတိုးတဲ့ မုန့်တစ်မျိုးပါ။ စမ်းကြည့်ကြပါဦး။


ပါဝင်ပစ္စည်းများ  (မုန့် ၁၀ခုစာ)

  • ထောပတ် ၁၂၀ဂရမ်
  • သကြား ၁၀၀ ဂရမ်
  • ကြက်ဥ ၂ လုံး
  • ဂျုံ  ၁၂၀ ဂရမ်
  • Baking powder ၄ ဂရမ်
  • နွားနို့ စားပွဲဇွန်း ၂ ဇွန်း
·         ကိုကိုးမှုန့် စားပွဲဇွန်း ၁ ဇွန်း
  • ဆီ စားပွဲဇွန်း ၁ ဇွန်း ဂရမ်


·         Cream အတွက်
  • Non Dairy Whipping Cream ၁၅၀ ဂရမ်
  • Semisweet chocolate ၅၀ ဂရမ် (ရေနွေးငွေ့ဖြင့် အပူပေးကာ အအေးပြန်ခံထားပါ)


(Whipping cream ကိုခရင်မ်ဖြစ်သည်အထိ စက်ဖြင့်ခေါက်ထားပါ။ ထို့နောက်ချောကလက်အရည် ရောထည့်ကာ သမအောင် မွှေပေးထားပါ။ ပုံဖော်ရန် ချောကလက်ခရင်မ် အသင့်ဖြစ်ပါပြီ)






လုပ်နည်းအဆင့်ဆင့်
  1. ကိုကိုးမှုန့် နှင့်ဆီကို ရောမွှေထားလိုက်ပါ
  2. ဂျုံ၊ baking powderု ကို စကာ ချထားပါ။
  3. ပထမဆုံး သကြားနဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် မွှေပေးပါ။
  4. ကြက်ဥကို တစ်လုံးချင်းထည့်ပြီး သမအောင် ထည့်မွှေပေးပါ။
  5. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ ။
  6. ရလာသော မုန့်နှစ်ကို တစ်ဝက်ခွဲကာ ကျန်တစ်ဝက်ကို ကိုကိုးမှုန့်။ဆီအရောနှင့်ရောမွှေပါ။
  7. မုန့်နှစ် ၂ ခုအဆင်သင့်ဖြစ်ပါပြီ။
  8. ထို့နောက်မုန့်ဖုတ်မည့် ခွက်ထဲကို တစ်ဇွန်းစီထည့်ကာ သွားကြားထိုးတံ (သို့) ဓါးဦးချွန်ဖြင့်အသာအယာမွှေပါ။ မုန့်နှစ်ကုန်သည်အထိ ခွက်များထဲကိုထည့်ပြီး ၁၇၀ ဒီဂရီ တွင် ၁၈ မိနစ် ဖုတ်ပေးပါ။
  9. မုန့်ကျက်မကျက်ကိုသိရန် cake skewer ဖြင့် မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ
  10. မုန့်များကို အအေးခံကာချောကလက်ခရင်မ်ဖြင့် ပုံဖော်ကာ အလှဆင်ပါ။


No comments: