Thursday, July 31, 2014

ဖရဲသီးဒီဇိုင်း Cupcakes





Cupcake ကို ဖရဲသီးဒီဇိုင်းလေးလုပ်ကြည့်ကြရအောင်။


ပါဝင်ပစ္စည်းများ  (မုန့် ၁၀ခုစာ)

  • ထောပတ် ၁၂၀ဂရမ်
  • သကြား ၁၀၀ ဂရမ်
  • ကြက်ဥ ၂ လုံး
  • ဂျုံ  ၁၂၀ ဂရမ်
  • Baking powder ၄ ဂရမ်
  • နွားနို့ စားပွဲဇွန်း ၂ ဇွန်း
  • ချောကလက်စေ့အနည်းငယ်
  • အနီရောင် Food Color - လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်


·         Cream အတွက်
  • Non Dairy Whipping Cream ၁၅၀ ဂရမ်
  • အစိမ်းရောင် Food color ၂ စက်ခန့်


(ဖရဲသီးအခွံခရင်မ်ပြုလုပ်ရန်အတွက် ၂ခုကိုရောမွှေကာ ခရင်မ်ဖြစ်သည်အထိ စက်ဖြင့်ခေါက်ထားပါ)








လုပ်နည်းအဆင့်ဆင့်
  1. ဂျုံ၊ baking powderု ကို စကာ ချထားပါ။
  2. ပထမဆုံး သကြားနဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် မွှေပေးပါ။
  3. ကြက်ဥကို တစ်လုံးချင်းထည့်ပြီး သမအောင် ထည့်မွှေပေးပါ။
  4. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ ။
  5. နောက်ဆုံးမှ အနီရောင် Food coloring နဲ့ ချောကလက်ကိုရောမွှေပေးပါ။
  6. ထို့နောက်မုန့်ဖုတ်မည့် ခွက်များထဲကို ထည့်ပြီး ၁၇၀ ဒီဂရီ တွင် ၁၈ မိနစ် ဖုတ်ပေးပါ။
  7. မုန့်ကျက်မကျက်ကိုသိရန် cake skewer ဖြင့် မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ
  8. မုန့်များကို အအေးခံကာ အစိမ်းရောင်ခရင်မ်ဖြင့် အလှဆင်ပါ။
  9. ဖရဲသီးဒီဇိုင်း cupcake များရပါပြီ


No comments: