ပါဝင်ပစ္စည်းများ
- အမဲသား ၁၅၀ ဂရမ် (ခပ်သေးသေးလှီးထား)
- ကြက်ရင်ပုံတစ်ခု (ခပ်သေးသေးလှီးထား)
- ရှီတာကီမှိုခြောက် - ၆ခု (၁၀မိနစ်ခန့်ကြိုပြီး ရေစိမ်ထားပါ)
- မုန်လာဥဖြူ အနည်းငယ် (ဆားနဲ့နယ်ပြီး အခြောက်လှမ်းထားပြီးသားကို သုံးပါတယ်)
- မုန်လာဥနီ အသေးတစ်ဥ (လက်တစ်ဆစ်ခန့် လှီးပြီး လေးစိတ်စိတ်ထားပါ)
- ကြက်သွန်နီဥကြီးတစ်ဥ
- ကြက်သွန်ဖြူ ၃ မွှာ
- ချင်းအနည်းငယ်
- နာနတ်ပွင့် ၂ခု
- သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပဲငံပျာရည်အကြည် စားပွဲဇွန်း ၂ ဇွန်း
- ပဲငံပျာရည်အနောက် (ကြာညို့) စားပွဲဇွန်း ၁ ဇွန်း
- ငရုပ်ကောင်းအနည်းငယ်
- ဦးစွာကြက်သားနဲ့ အမဲသားကို ဆား၊ ကြက်သားမှုန့် ၊ ကြာညို့ စားပွဲဇွန်း ၁ ဇွန်းခန့််နဲ့ ရောနယ်ထားပါ (အသား၂ မျိုးကို သပ်သပ်စီခွဲနယ်ပါ)
- ၁၅ မိနစ်ခန့်နှပ်ပြီးရင် အမဲသားကို ကြက်သွန်ဖြူ၊နီ၊ ချင်း၊နာနာတ်ပွင့်၊ ဆား၊သကြားနှင့်ပဲငံပျာရည် အကြည်၊အနောက် အကုန်ထည့်ကာ ဆီစားပွဲဇွန်း ၂ ဇွန်းခန့်ကို ရောမွှေကာ ရေ အနည်းငယ်ထည့်ပြီး pressure cooker မှာ မိနစ် ၂၀ခန့်ပေါင်းပါ။
- နောက်မှ ကြက်သား၊ ငရုပ်ကေင်းနဲ့ ကျန်တဲ့ မှို မုန်လာဥနီ၊ဖြူများကိုထည့်ကာ ရေအနည်းငယ်ထပ်ထည့်ကာ နာရီဝက်ခန့်ထည့်ပေါင်းပါ။ အပေါ့အငံကို လိုသလောက်ညှိယူပါ
- နောက်ဆုံးမှ corn flour စားပွဲဇွန်း ၁ ဇွန်းခန့်ကို ရေ စားပွဲဇွန်း ၄ ဇွန်းနှင့်ရောမွှေကာ ထည့်ပါ။ ပျစ်လာလျှင်မီးပိတ်ပြီး ပူပူနွေးနွေးသုံးဆောင်ပါ..
1 comment:
ဝက်စတူးတော့ အစ်မတစ်ယောက် လုပ်တာမြင်ဘူးတယ် ကြက် အမဲစတူး လုပ်နည်းလေးအတွက် ကျေးဇူးပါ :)
Post a Comment