Thursday, September 18, 2014

Almond Croissant





ဒီတစ်ခါလုပ်ပြမယ့်မုန့်ကတော့ ရှိပြီးသားမုန့်ကို ထပ်ပြီးအရသာရှိအောင် မွန်းမံပြင်ဆင်ထားတဲ့ မုန့်တစ်ခုပါ။ သာမန် Croissant ကို almond paste သုံးပြီးပြန်လုပ်ထားတာကြောင့် almond အရာသာနဲ့ မုန့်ရဲ့ အဆိမ့်အရသာ ၂ မျိုးပေါင်းကာ စားလို့ အလွန်ကောင်းပါတယ်။ တကယ်လို့များ Croissant ကို ကိုယ်တိုင်လုပ်မယ်ဆိုရင်တော့ almond paste ကိုအထဲမှာထည့်ခြင်းအားဖြင့် အရသာကို ပိုပြီးကောင်းမွန်စေမှာ အမှန်ပါပဲ။ ဒီမုန့်အတွက်ကတော့ အသင့်ရောင်းတဲ့ Croissant များကိုသာသုံးထားပါတယ်။

ပါဝင်ပစ္စည်းများ
Croissant - ၄ခု


Almond Paste အတွက်
  • သကြား ၅၀ ဂရမ်
  • ထောပတ် ၅၀ ဂရမ်
  • ဂျုံ ၁၀ ဂရမ်
  • Almond အမှုန့် ၈၀ ဂရမ်
  • ခေါက်ထားသော ကြက်ဥ ၁လုံး


မုန့်သား ပြင်ဆင်နည်း

·         ပထမဆုံး သကြားနဲ့ ထောပတ်ကိုပွလာအောင် ခေါက်ထားပါ။
·         ခေါက်ထားတဲ့ကြက်ဥတစ်လုံကိုလည်းထည့်မွှေပေးပါ။
·         ဂျုံနဲ့ almond အမှုန့်ကိုထည့်မွှေပေးပါ။
·         ရလာသော almond paste ကို အသင့်ပြင်ထားသော မုန့်များပေါ်သို့ ပုံပါအတိုင်းလောင်းချပါ။


·         ထို့နောက် ၁၇၀ ဒီဂရီအပူပေးထားသော Oven မှာ ၁၈ မိနစ်ခန့်ဖုတ်ပေးပါ။
·         ဒါဆိုရင်တော့ ပုံမှန်ထက်ပိုပြီး အရသာရှိတဲ့ Almond Croissant အသင့်ဖြစ်ပါပြီ။


1 comment:

Aunty Tint said...

Almond Croissant လုပ်နည်းလေး ဖတ်သွားတယ် Evy ရေ... ကျေးဇူးနော်။